သွားနေသောရထားအား ဆိုင်ကယ်မှဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ နေရာတွင် သေဆုံး

ကျိုက်မရော ၁၅ မတ်   

 

မွန်ပြည်နယ် မုဒုံမြို့နယ် ကွေ့ဝမ်းကျေးရွာအုပ်စု ကော့ခိုက်ကျေးရွာ ရွာအဝင်လမ်း ရထားလမ်းကူး၌ အစုန်ရထား ခေါင်းအမှတ် DD-924 ရေးမြို့မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာစဥ် ကော့ခိုက်ကျေးရွာ (ဗမာစု) အတွင်းမှ ကားလမ်းမပေါ်သို့ မောင်းလာသော သန့်ဇော်ဦး (၂၆)နှစ် အဆိုပါကျေးရွာနေသူမှ အရှိန်မထိန်းနိုင်ဘဲ ရထားအားဝင်တိုက်မိရာ ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

233

 

အဆိုပါဖြစ်စဥ်နေရာသို့ မုဒုံမြို့ ရဲတပ်ဖွဲ့မှူး မြို့မရဲစခန်းမှူးနှင့် တာဝန်ရှိသူများ လာရောက်စစ်ဆေးပြီးသေဆုံးသူအား မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ကွေ့ဝမ်းအဖွဲ့တို့မှ မုဒုံဆေးရုံသို့ စေတနာအလင်းရောင် နာရေးကားဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)