သွားနှင့် ခံတွင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ထန်တလန်၌ ပြုလုပ်

ထန်တလန်  ၁၆  ဒီဇင်ဘာ

 

ကလေးများ ငယ်ရွယ်စဉ်ကပင် မိမိတို့၏ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် သွားပိုးစားခြင်းမှ ကာကွယ်ထိန်းသိမ်း တတ်စေရန် ရည်ရွယ်၍ သွားနှင့်ခံတွင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၇ နာရီက ချင်းပြည်နယ် ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်ရှိ AG အသင်းတော် ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အသိပညာပေး ဟောပြောပွဲတွင် ထန်တလန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာအောင်အောင်ဘိုက သွားနှင့် ခံတွင်းဆိုင်ရာများအကြောင်းကို ဟောပြောပြီး သွားပိုးစားခြင်းမှ ကင်းဝေးစေရန် မည်သို့ထိန်းသိမ်း စားသောက်ရမည်ကို ရှင်းပြ၍ စနစ်တကျ သွားတိုက်နည်းများကို လေးများအား လက်တွေ့ပြသကာ လေ့ကျင့်ပေးခဲ့သည်။ 

 

ဟောပြောပွဲသို့ Sunday School မှ ဆရာ ဆရာမများနှင့် ကလေး လူငယ် ၁၀ဝ ဦးခန့် တက်ရောက်ပြီး ၁၀ နှစ်အောက်ကလေးငယ် ၄၆ ဦးအား သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာအောင်အောင်ဘိုက  သွားတိုက်တံနှင့် သွားတိုက်ဆေးဘူးများ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)