သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် မိသားစုအား ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

သာပေါင်း  ၂၉  ဇူလိုင် 

 

သာပေါင်းမြို့နယ် ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတွင် ဇူလိုင် ၂၄ ရက်က မိုးသက်လေပြင်းတိုက်ခတ်မှု ကြောင့်နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)