သာယာဝတီ၌ ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ နှစ်ဦးသေဆုံး

သာယာဝတီ ၄ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သင်တောရိုးအုပ်စု ဂွေးချောင်းကျေးရွာ မိုင်တိုင်အမှတ် (၈၁/၂ နှင့် ၈၁/၃)အကြား  ဆီဆိုင်အနီး ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် အောက်တိုဘာ ၃ ရက်က ရန်ကုန်ဘက်မှပြည်ဘက်သို့ ယာဉ်မောင်း သက်ငွေ(၃၉)နှစ် မောင်းနှင်လာသော ရန်ကုန်-ပြည် ခရီးသည်တင်ယာဉ်သည် လားရာတူရှေ့မှ ယာဉ်မောင်းမြင့်ဦး(၅၂)နှစ် ‌မောင်းနှင်ပြီးနောက်တွင် နွဲ့ကြည်(၃၉)နှစ်အား တင်ဆောင်မောင်းနှင်လာသော ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိသဖြင့် ပြင်းထန်ဒဏ်ရာများရရှိကာ ယာဉ်ပေါ်ပါနှစ်ဦးစလုံး သာယာဝတီ ခရိုင်ပြည်သူ့ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့သည်။

 

ဖြစ်စဉ်ကို သာယာဝတီမြို့မရဲစခန်းက အမူဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

သန့်ဇော်(ပြန်/ဆက်)