သီချင်းအယ်လ်ဘမ်အသစ် ထွက်ရှိမယ့်အကြောင်း လေဒီဂါဂါ ကြေညာ 

၄ မတ်


နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ လေဒီဂါဂါဟာ သူ့ရဲ့နောက်ထပ်သီချင်း အယ်လ်ဘမ်အသစ်ကြောင်းကို ပရိသတ်တွေသိရှိအောင် မတ် ၂ ရက်က တရားဝင်ကြေညာခဲ့ပါတယ်။


stupid love ဆိုတဲ့ သီချင်းထွက်ရှိပြီးနောက် ယခုလို ကြေညာမှုပြုလုပ်ခဲ့ တာပဲဖြစ်ပါတယ်။ Chromatica လို့အမည်ပေးထားတဲ့ အယ်လ်ဘမ်သစ်ဟာ လေဒီဂါဂါအတွက် ခြောက်ခုမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်ပြီး ဧပြီ ၁၀ ရက် မှာ ထွက်ရှိမယ်လို့ ကြေညာခဲ့ပါတယ်။


လေဒီဂါဂါဟာ ၂၀၁၆ ခုနှစ်က Joanne ဆိုတဲ့ အယ်လ်ဘမ်ထွက်ရှိပြီးနောက် အခုအချိန်ဟာ ပထမဆုံးအကြိမ်အဖြစ် နောက်ထပ် အယ်လ်ဘမ်အသစ်တစ်ခု ထွက်ရှိလာမှာပဲဖြစ်ပါတယ်။


အခုလတ်တလော လူကြိုက်များနေတဲ့ Stupid Love ဆိုတဲ့သီချင်းဟာလည်း Chromatica ဆိုတဲ့ အယ်လ်ဘမ်ထဲကသီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ လေဒီဂါဂါ ဟာ A Star is Born ဆိုတဲ့ ရုပ်ရှင်မှာ ဘရက်ဒလီကူးပါးနဲ့အတူ သရုပ်ဆောင်ခဲ့ပြီး Shallow ဆိုတဲ့သီချင်းနဲ့ အော်စကာဆုကို ရယူနိုင်ခဲ့ပါတယ်။


အန်တာတိန်းမန့်ဝိခ်ကလီး
ခြူး