သီပေါ မိုင်းလင်းဘုန်းတော်ကြီးကျောင်းမီးလောင်ကျွမ်း ကိုရင်တစ်ပါး ပျံလွန်တော်မူ

သီပေါ ၃  အောက်တိုဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နှင့် (၁၀)မိုင် ကာဝေးသော မိုင်းလင်းကျေးရွာအုပ်စု မိုင်းလင်းမြောက် ကျေးရွာတွင် ဆရာတော် ဘဒ္ဒန္တပညာဇောတ သီတင်းသုံးနေတော်မူသော မိုင်းလင်းရွာဦး ဘုန်းတော်ကြီးကျောင်း၌ အောက်တိုဘာ (၂) ရက် ည ၉ နာရီ ၅၅ မိနစ်က သက်တော် (၉)နှစ်ရှိ ရှင်သာမဏေငယ် ရှင်ကုသလသည် စာကြည့်စားပွဲပေါ်တွင် ဖယောင်းတိုင် မီးထွန်းညှိ စာကြည့်နေရာမှ အိပ်ပျော်သွားကာ ဖယောင်းတိုင်ကုန်ပြီး စာကြည့်စားပွဲမှ တစ်ဆင့် ကျောင်းနံရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကိုရင်ငယ် ပျံလွန်တော်မူခဲ့သည်။

 

အဆိုပါ မီးလောင်ကျွမ်းရာသို့ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကြည်ထွန်း ကြီးကြပ်ကွပ်ကဲသော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ ကျော်တို့က မီးငြှိမ်းသတ်ယာဉ် ၂ စီး ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ကြသဖြင့် အခြားပတ်ဝန်းကျင် နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိဘဲ ည(၁၁)နာရီခန့်တွင် လုံးဝမီးငြိမ်းသွားသည်။

 

စိုင်း(သီပေါ)