သီပေါမြို့နယ် စံဖိတ်ကျေးရွာတွင် တာဝါတိုင် အပူလွန်ကဲသဖြင့် မီးလောင်မှုဖြစ်ပွား

သီပေါ ၁၄ နိုဝင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု စံဖိတ်ကွက်သစ်ရွာနယ်မြေ(၁)ရှိ မိုင်တဲ တာဝါတိုင်တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဓာတ်အားပေးထားသည့် အော်တို ဂျန်နရေတာမှ Battery Bank  ဓာတ်အားကြိုးခွေ ကွိုင်အပူလွန်ကဲရာမှ အော်တို ဂျန်နရေတာနှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

၁

 

မီးလောင်ရာသို၌ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက  မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် လုံးဝမီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုနှင့်ပတ်သက်ပြီး သီပေါမြို့မရဲစခန်းမှ တာဝန်ခံ ဦးသက်ဆွေဉီးအား အရေးယူ ထားကြောင်း သိရသည်။

 

စိုင်း(သီပေါ)