သီရိလင်္ကာခရစ်ကက်ကစားသမား ဆူရန်ဂါလက်ခ်မယ် နိုင်ငံတကာခရစ်ကက်ကစားသမားဘဝမှ အနားယူတော့မည်

သီရိလင်္ကာခရစ်ကက်ကစားသမား ဆူရန်ဂါလက်ခ်မယ်ဟာ ဖေဖော်ဝါရီလနဲ့ မတ်လတို့မှာ အိန္ဒိယနိုင်ငံ၌ ကျင်းပမယ့် ခရစ်ကက်ပြိုင်ပွဲတွေပြီးဆုံးပါက နိုင်ငံတကာ ခရစ်ကက်ကစားသမားဘဝကနေ အနားယူ တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဆူရန်ဂါလက်ခ်မယ်ဟာ နိုင်ငံတကာခရစ်ကက်ကစားသမားဘဝကို ၂၀၀၉ ခုနှစ်အတွင်းက စတင်ခဲ့ တာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်ပေါင်း ၈၆ ပွဲအထိပါ ဝင်ကစားခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိ သီရိလင်္ကာ ခရစ်ကက်ကစားသမား ဆူရန်ဂါလက်ခ်မယ်ဟာ ၂၀၁၈ ခုနှစ်အတွင်းက သီရိလင်္ကာ ခရစ်ကက်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်