သီရိလင်္ကာနိုင်ငံ၌ ၂၀၂၀ ခုနှစ်နောက်ပိုင်း သေဆုံးမှုမြင့်တက်၊ မွေးဖွားမှုနှုန်းလျော့ကျလာ

ဧပြီ ၂၉

သီရိလင်္ကာနိုင်ငံတွင် ၂၀၂၀ ခုနှစ်နောက်ပိုင်း နှစ်စဉ်ကလေးမွေးဖွားမှုနှုန်းသိသိသာသာလျော့ကျလာပြီး သေဆုံးမှုနှုန်း မြင့်တက်လာကြောင်း တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကိုပြောကြားသည်။ ၂၀၂၀ ခုနှစ်မတိုင်မီက နှစ်စဉ်မွေးဖွားမှု ၃၂၅၀၀၀ ရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် မွေးဖွားမှု ၂၈၀၀၀၀ နီးပါးရှိသဖြင့် မွေးဖွားမှုလျော့ကျလာသည်ဟု သိရသည်။ ၂၀၂၀ ခုနှစ်မတိုင်မီက နှစ်စဉ်သေဆုံးမှုသည် ၁၄၀၀၀၀ နီးပါးရှိရာ သေဆုံးမှု ၁၈၀၀၀၀ နီးပါးရှိလာသဖြင့် နှစ်စဉ်သေဆုံးမှုမြင့်မားလာသည်။ သေဆုံးမှုမြင့်တက်ပြီး မွေးဖွားမှုလျော့ကျလာခြင်းသည် သီရိလင်္ကာနိုင်ငံ၏ လူဦးရေတိုးပွားမှုကို ဆိုးရွားစွာထိခိုက်လာမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို