သီရိလင်္ကာနိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်ရောဂါဖြစ်ပွားသူ ၂၀၀၀၀ ကျော်ရှိ

ဧပြီ ၅

သီရိလင်္ကာနိုင်ငံတွင် ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၀၀၀ ကျော်ရှိပြီး ရှစ်ဦးသေဆုံးကြောင်း အမျိုးသားသွေးလွန်တုပ်ကွေးထိန်းချုပ်ရေးဌာနက ယမန်နေ့က နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၂၈၈ ဦးရှိသည်ဟုသိရသည်။ အနောက်ပိုင်းပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၂၅၈ ဦးရှိရာ ထိုရောဂါဖြစ်ပွားမှုအများဆုံးပြည်နယ်ဖြစ်ပြီး ၎င်းပြည်နယ်ပြီးလျှင် မြောက်ပိုင်းပြည်နယ်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၂၆ ဦး ရှိသည်။ လွန်ခဲ့သောနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၈၀၀၀ ရှိပြီး ယင်းရောဂါဖြင့်သေဆုံးသူ ၅၇ ဦး ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို