သီတင်းကျွတ်ကာလတွင် ကျောက်မဲမြို့ဗဟိုဈေးကြီး၏ ညနေဈေးတွင် ဈေးရာင်းဈေးဝယ်များနှင့် စည်ကားလျက်ရှိ

ကျောက်မဲ ၁၂ အောက်တိုဘာ

ကျောက်မဲမြို့၊ ဗဟိုဈေးကြီး၏ ညနေဈေးတွင် သီတင်းကျွတ်ကာလ ကောင်းမှုကုသိုလ်ပြုရန် ဒေသခံပြည်သူများ၊ ဈေးရောင်းဈေးဝယ်များနှင့် စည်ကားလျက်ရှိသည်။

ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယတွင် ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာလူမျိုးများအနေဖြင့် အစဉ်အလာကောင်းများ ပြုလုပ်ကြရာ၌ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများနှင့် သက်ကြီးဝါကြီးများအား မွန်မြတ်သောစိတ်ထားဖြင့် ပူဇော်ကန်တော့သည့် ကာလဖြစ်သည့်အတွက်  ဗဟိုဈေးကြီးညနေဈေး၌ အဝေးဖိတ်ရက်နှင့် အဖိတ်နေ့တွင် လှူဖွယ်ပစ္စည်းများဖြစ်သည့် ဘုရားပန်းများ၊ သစ်သီးဝလံများ၊ ရောင်စုံမီးပုံးနှင့် လျှပ်စစ်မီးကုံးမီးဆိုင်းများ၊ ဆီမီးပူဇော်ရန် ဖယောင်းတိုင်များနှင့် ကုန်ပစ္စည်းများ အရောင်းသွက်လျက်ရှိပြီး ရပ်ဝေးရပ်နီး ဈေးရောင်းဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သိန်းထွန်းအောင် (ကျောက်မဲခရိုင်ပြန်/ဆက်)