သီတင်းကျွတ်လပြည့်နေ့၌ မုံရွာမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိ

မုံရွာ ၁၃ အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၏ မြို့ပေါ်ဘုရားများနှင့် မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် ယနေ့ (သီတင်းကျွတ် လပြည့်နေ့)တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ေ

 

ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်နှင့်အညီ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များနှင့် ကြုံသဖြင့် ဘုရားကျောင်းကန်၊ စေတီပုထိုးများသို့ မိသားစု၊ အပေါင်းအသင်းအုပ်စုများ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်ကြခြင်း ဖြစ်သည်။

“ရုံးပိတ်ရက်ကလည်း (၅)ရက်ရှိတယ်၊ ကလေးတွေကလည်း ကျောင်းပိတ်ရက်နဲ့ ကြုံတဲ့အတွက် အခုလို လာရောက် လည်ပတ်ဖြစ်တာပါ၊ ရုံးပိတ်ပေမယ့် ကျောင်းကမပိတ်တော့ တော်ရုံမလာနိုင်ဘူး၊ အခုနှစ်ကတော့ ကျောင်းပိတ်ရက်နဲ့ ရုံးပိတ်ရက်ရှည်နဲ့ ကြုံတဲ့အတွက် အခုလို လာလည်ဖြစ်တာပါ ”ဟု ပခုက္ကူမြို့နယ် ဆည်ရွာမှ ဘုရားဖူးဧည့်သည် ဦးမြင့်ဦးက ပြောသည်။

 

ေ

 

သီတင်းကျွတ်လပြည့်နေ့တွင် မုံရွာမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ရွှေစည်းခုံ၊ ဆုတောင်းပြည့်နှင့် လယ်တီကျောက်စာတိုက်၊ သာစည်ကျေးရွာရှိ မဟာစေတီလှဘုရားနှင့် တဝဂူဘုရား၊ ကျောက္ကာရွှေဂူနီ၊ ရွှေဂူဖြူ၊ မိုးညှင်းသဗ္ဗုဒ္ဓေ၊ ဗောဓိတထောင် သာသနာ့နယ်မြေတို့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)