သိန္နီမြို့နယ်တွင် မိုးရွာသွန်းပြီး ရေတိုက်စားမှုကြောင့် တံတား ၁ စင်းပျက်စီး

နေပြည်တော် ၂၄  ဇူလိုင် 


ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်အတွင်း ဇူလိုင် ၂၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်က မိုးရွာသွန်းပြီး ရေတိုက်စားမှုကြောင့် နားတီးကျေးရွာအနီး သိန္နီ-ကွမ်းလုံကားလမ်း မိုင်တိုင်(၃၁)ရှိ ယာယီ ဘေလီ သံကူကွန်ကရစ်တံတားမှာ  မူလနေရာမှ ၁၀ ပေခန့်သို့ ရေစီးနှင့် မျောပါ ပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါ နေရာသို့ အိုရီယန်တယ်တိုးဂိတ် ဟိုက်ဝေးကုမ္ပဏီမှ  အင်ဂျင်နီယာချုပ် ဦးစိုင်းကျော်မိုး ဦးစီးအဖွဲ့က သွားရောက်ပြုပြင်ခဲ့ရာ ည ၆ နာရီခွဲတွင် ပြုပြင်ပြီးစီး၍ မော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာ လျက်ရှိကြောင်း သတင်းရရှိသည်။


ရဲပြန်ကြား