သက်ကြီးဘိုးဘွား ၉၉၀ အား  လူမှုရေးပင်စင် ကျပ် ၂၉၇ သိန်း ထောက်ပံ့ပေးအပ်

ကျောင်းကုန်း စက်တင်ဘာ ၁၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်း အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နိုင်ငံတော်က လူမှုဝန်ထမ်းမှတစ်ဆင့် ထောက်ပံ့ပေးနေမှုအပေါ် ရပ်ကွက်ကျေးရွာရှိ သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးစေချင်ကြောင်း ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်ဟေမာနိုင်က လူမှုရေးပင်စင် ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မြို့ပေါ် (၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၅)အုပ်စုတို့မှ သက်ကြီးဘိုးဘွား ၉၉၀ တို့အတွက်‌ စုစုပေါင်းငွေကျပ် ၂၉၇ သိန်းအား ‌ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ထံ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါထောက်ပံ့ငွေများကို ‌ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)