သက်ကြီးဘိုးဘွားများ ကျန်းမာသန်စွမ်းစေရန်

နေပြည်တော် ၁ မေ

သက်ကြီးဘိုးဘွားနှင့် အာဟာရ

ကိုယ်ကာယလှုပ်ရှားမှုနှင့် သက်ကြီးဘိုးဘွားကျန်းမာရေး

ဆေးလိပ်နှင့် သက်ကြီးဘိုးဘွားကျန်းမာရေး

အရက်နှင့် သက်ကြီးဘိုးဘွားကျန်းမာရေး

သက်ကြီးဘိုးဘွားနှင့် ထိခိုက်ဒဏ်ရာ

ကင်ဆာရောဂါနှင့် သက်ကြီးဘိုးဘွား

နှလုံးရောဂါနှင့် သက်ကြီးဘိုးဘွား

ပျော်ရွှင်တက်ကြွ သက်ကြီးဘဝ

သက်ကြီးဘိုးဘွားနှင့်အာဟာရ

သက်ကြီးဘိုးဘွားများအနေဖြင့် သစ်သီး၊ သစ်ဥ၊ ပဲမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းနှင့် လတ်လတ်ဆတ်ဆတ်သားငါးများကို စားသုံးသင့်ပါသည်။

ဝမ်းမချုပ်စေရန်အတွက် ဟင်းသီးဟင်းရွက်များများ စားသုံးသင့်သလို တစ်နေ့လျှင် အနည်းဆုံး ရေ(၆)ခွက်မှ (၈)ခွက် (၁၀ဝ၀ မှ ၂၀ဝ၀ စီစီ) ၂ လီတာခန့် သောက်သုံးသင့်ပါသည်။

သက်ကြီးဘိုးဘွားများတွင် သွားမကောင်းသည့် ပြဿနာရှိသဖြင့် အစားအသောက်ပြင်ဆင်သည့်အခါ အဝါးရလွယ်ကူစေရန် သေးနိုင်သမျှ အသေးဆုံးလှီးဖြတ်၍ နူးညံ့ပျော့ပျောင်းအောင် ပြင်ဆင်ပေးရန် လိုအပ်ပါသည်။

အစာစားလျှင် မိသားစုဝင်တစ်ယောက်နှင့်အတူ အဖော်ပြုစားသင့်ပါသည်။

ကိုယ်ကာယလှုပ်ရှားမှုနှင့် သက်ကြီးဘိုးဘွားကျန်းမာရေး

သက်ကြီးဘိုးဘွားများ အနေဖြင့် တစ်ပတ်လျှင် (၃)ရက်မှ (၅)ရက်အထိ တစ်ကြိမ်လျှင် မိနစ်(၃၀)မှ မိနစ်(၆၀)ကြာအောင် သင့်လျော်သော ကိုယ်ကာယလှုပ်ရှားမှု ပြုလုပ်သင့်ပါသည်။

အားကစားနှင့် ကိုယ်ကာယ ပညာဦးစီးဌာနမှ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်နေသော လေ့ကျင့်ခန်းများ လုပ်ပေးနေခြင်း

လမ်းမှန်မှန်လျှောက်ခြင်း

အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း

ကြွက်သားများ၊ အရိုးအဆစ်များကို နှိပ်နယ်ပေးခြင်း

ဆေးလိပ်နှင့် သက်ကြီးဘိုးဘွား ကျန်းမာရေး

ဆေးလိပ်သောက်ခြင်းကြောင့် နာတာရှည် ချောင်းဆိုးရောဂါများအပြင် ကင်ဆာရောဂါများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါများ၊ လေဖြတ်ခြင်းနှင့် အရိုးပွရောဂါများ ပိုမိုဖြစ်ပွားနိုင်ပါသည်။

ထို့ကြောင့် ဆေးလိပ်သောက်သော အဘိုးအဘွားများအနေဖြင့် ဆေးလိပ်ဖြတ်ရန် လိုအပ်ပါသည်။

ဆေးလိပ်ဖြတ်သည့် နည်းလမ်းများ

မီးခြစ်၊ ဆေးလိပ်ခွက်၊ ဆေးလိပ်စသည်တို့ကို မြင်သာသည့် နေရာ၌ မထားရပါ။

အဘိုးအဘွားများရှေ့တွင် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

အဘိုးအဘွားများ ဆေးလိပ်ဖြတ်ခြင်းကို မိသားစုမှ ဝိုင်းဝန်းအားပေးဖို့ လိုပါသည်။

ဆေးလိပ်သောက်ချင်စိတ် ပေါ်လာပါက စိတ်ပြေလက်ပျောက် တစ်ခုခု ထလုပ်ပါ။ အာရုံကို ပြောင်းပစ်လိုက်ပါ။

ကိုယ်လက်လေ့ကျင့်ခန်း ပိုမိုလုပ်ရန် လိုအပ်ပါသည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN