သက်ကြီးဘိုးဘွားများအား မကူးစက်နိုင်သောရောဂါများ အခမဲ့ကုသပေး

ဖောင်းပြင်  ၂၃  အောက်တိုဘာ

ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံတွင် သက်ကြီးဘိုးဘွားများအား မကူးစက်နိုင်သော ရောဂါများ အခမဲ့ ရှာဖွေကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပရဟိတအသင်း(ဖောင်းပြင်)၏ ပူးပေါင်းကူညီမှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကုသမှုများ ဆောင်ရွက်ရာတွင် သွေးချို ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါ၊ ပန်းနာရင်ကြပ် ရောဂါနှင့် နာတာရှည် အဆုပ်ပွရောဂါများကို စစ်ဆေးရှာဖွေပြီး ကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများရှိ ဘိုးဘွားများကိုလည်း ကုသပေးနိုင်ရန် နယ်လှည့်အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိပြီး အခမဲ့ ကုသပေးလျက်ရှိကြောင်း သိရသည်။

ဖောင်းပြင်(ပြန်/ဆက်)