ရန်ကုန် ၁၈ ဒီဇင်ဘာ
မြန်မာနိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၁၃၈၁ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ လှူဒါန်းလျက်ရှိပြီး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
သို့ပါ၍ အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၃၈၅၂၇၃၊ ၀၁-၂၅၂၄၁၇ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်