သက်ကြီးရွယ်အိုများအတွက် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ၈၆ ရာခိုင်နှုန်း ထိရောက်မှုရှိ

ရာဘတ် ဖေဖော်ဝါရီ ၉

တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် သက်ကြီးရွယ်အို များအတွက် ထိရောက်မှုရှိသောကြောင့် မော်ရိုကိုနိုင်ငံအနေဖြင့် ယင်းကာကွယ်ဆေးကို အသက် ၆၀ နှင့်အထက်ရှိ သက်ကြီးရွယ်အို များအတွက် ဆက်လက်အသုံးပြုသွားမည် ဖြစ်ကြောင်း မော်ရိုကိုအာဏာပိုင်များက ယနေ့ပြောကြားသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူထားသည့် အသက်၆၀ နှင့်အထက်ရှိပြည်သူများကိုတရုတ် နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူထားသော အခြားအသက် ၆၀ နှင့် အထက်ရှိ သက်ကြီးရွယ်အိုများနှင့် နှိုင်းယှဉ် ကြည့်ပါက တရုတ်ထုတ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူသူများတွင် ဆိုးကျိုး မရှိသည်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုလှုပ်ရှားမှုမှ ရရှိထားသည့် အချက် အလက်များက ပြသထားကြောင်း မော်ရိုကို ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

မော်ရိုကိုနိုင်ငံ၌ တရုတ်နိုင်ငံထုတ်ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့သည့် လူရှစ်ဦးတွင် ဘေးထွက်ဆိုးကျိုးတွေ့ရှိခဲ့ပြီး ယင်းပမာဏသည် လူ ၁၀ဝ၀ဝ လျှင် ၂ ဒသမ ၂ ဦးမျှသာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ရှင်းလင်းပြောကြားသည်။

မော်ရိုကိုနိုင်ငံတွင် ပြုလုပ်ခဲ့သည့် တရုတ် နိုင်ငံထုတ် Sinopharm ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးအား အဆင့်သုံးဆင့်ဖြင့် စမ်းသပ်မှုများအရ Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးသည် အသက် ၆၀ နှင့် အထက်ရှိ သက်ကြီးရွယ်အိုများအတွက် ၈၆ ရာခိုင်နှုန်းခန့်ထိရောက်မှုရှိပြီး ကောင်းမွန်သော ဘေးကင်းလုံခြုံမှုရှိသည်ကိုသက်သေပြသထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

မော်ရိုကိုအစိုးရသည် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှင့် အောက်စဖို့ဒ်တက္ကသိုလ်နှင့် ဗြိတိန်-ဆွီဒင် ဆေးဝါးကုမ္ပဏီထုတ် AstraZeneca ကာကွယ် ဆေးများအား လက်ခံရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၂၉ ရက်က နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - ဂျေတီ