(သက်ကိုးသက်ဘုရင်) မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ မန္တလေးတွင် ကျင်းပမည်

မန္တလေး ၇  ဇူလိုင် 

 

မြန်မာလက်ခမောင်း ကုမ္ပဏီမှ ကျင်းပပြုလုပ်သည့် (WLC-9: King Of Nine Limbs WORLD LETHWEI CHAMPIONSHIP KING OF NINE LIMBS) အမည်ရကမ္ဘာ့လက်ဝှေ့ချန်ပီယံ မြန်မာ့လက်ဝှေ့ချန်ပီယံပြိုင်ပွဲကြီး (သက်ကိုးသက်ဘုရင်) အမည်ရ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ လက်ဝှေ့အားကစားရုံ(Mandalar Thiri Indoor Stadiun) တွင် သြဂုတ်လ ၂ ရက် ညနေ ၅ နာရီခွဲ တွင် ကျင်းပမည်ဖြစ်သည်။

 

ထိုးသတ်မည့်တွဲဆိုင်းများမှာ -

 

၁။ - ဝယ်လ်တာဝိတ် (၄) ချီ ပွဲတွင်  စောအယ်ကလူ (ကညောသွီ) Vs စောလင်းလင်း (အဲကညော)

 

၂။ ဘင်တန်ဝိတ် ( ၄) ချီပွဲတွင်  ပိုင်သက်အောင် (ကညောသွီ) Vs အောင်ပိုင် (ထူးမေတ္တာထူး) 

 

၃။ လိုက်ဝိတ် (၄) ချီပွဲတွင်  ထက်နိုင်အောင် (ရွှေသထုံ) Vs ဆိုင်းမောင်မောင် (ထူးမေတ္တာထူး)

 

၄။ လိုက်ဝိတ် (၅) ချီပွဲတွင်  ဟိန်းထွန်းအောင် (ရွှေသထုံ) Vs လင်းထက်အောင် (တောင်ကလေး)

 

၅။ ငုယင်ထရန်ဒူးနတ် (ဗီယက်နမ်) Vs အိုက်ဇက်ဇာကီ (မလေးရှား)

 

၆။ အမျိုးသမီး ဘင်တန်ဝိတ် (၃) ချီပွဲတွင်  ဆိုရိစ်မန်ဖရက်ဒ်ဒီ (ပြင်သစ်) Vs အဲယားနက် (ကမ္ဘောဒီးယား)

 

၇။ ဖယ်သာဝိတ်တန်း ၅ ချီပွဲတွင် မိုက်ရိုင်းရွှေဖူး Vs ဖက်နာရင် (ထိုင်း)

 

၈။ လိုက်မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲ (၅) ချီပွဲတွင် အာသာဆာလာဒီးယပ်စ်(ပိုလန်) Vs ဆာရှာမွိုင်ကာ (ယူကလိန်း)

 

၉။ ခရုဇာဝိတ် ကမ္ဘာ့ချန်ပီလုပွဲ ၅ ချီပွဲတွင် - ဒေ့ဗ်လက်ဒု (ကနေဒါ) Vs ဆက်သ်ဘက်ဇင်စကီး (အမေရိကန်) တို့ယှဉ်ပြိုင်ထိုးသတ်မည်ဟု သိရှိရသည်။

 

ဒေ့ပ်လက်ဒုသည် အသက် ၂၈ နှစ်ဖြစ်ပြီး အရပ် ၆ ပေ ၂ လက်မ ၄ ပွဲနိုင် ၆ ပွဲ သရေဖြစ်ပြီး ဆက်သ်ဘက်ဇင်စကီး (ကနေဒါ) အသက် ၃၇ နှစ် အရပ် ၆ ပေ ၂ လက်မ ၂၁ ပွဲနိုင် ၁၀ ရှုံးပြီး နှစ်ဦးလုံးသည် WLC ပွဲဦးထွက် ထိုးသတ်သူ ဖြစ်သည် ဟု သိရသည်။

 

သြဂုတ်လ(၂)ရက် ညနေ ၅နာရီ ၃၀ တွင် မန္တလာသီရိ အားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး ညနေ (၅) နာရီမှစတင်၍ ကစားမည့်ရုံအတွင်း ဝင်ရောက်နိုင်သည်ဟု သိရှိရသည်။ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်သည် ဟုလည်းသိရှိရသည်။

 

ရုံဝင်လက်မှတ် ဈေးနှုန်းများမှာ -GA ၁ သောင်း ၊ KNIGHT ၃ သောင်း ၊ KING ၅ သောင်း ဖြစ်သည်ဟု သိရှိရသည်။

 

ရောင်းချမည့်နေရာများမှာ 

 

1.     Majortickets .com.mm MajorTicket ၃၁ လမ်း၊ ၈၃ - ၈၄ ကြား။

 

2.    Majortickets လမ်း ၃၀ နှင့် ၃၃ လမ်းဒေါင့်

 

3.    ၇၃ လမ်း ၃၂ နှင့် ၃၃ လမ်းကြား ကြည်ပြာစတိုးတွင်ဝယ်ယူရရှိနိုင်သည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)