Smart City နှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လာရောက်ရှင်းလင်း

mdn

တောင်ကြီး   အောက်တိုဘာ   ၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ Myanmar Fisca Security & Co, Ltd မှ smart City နှင့် ပတ်သက်၍ အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းဝေးခန်းမ၌ လာရောက်ရှင်းလင်းသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “တောင်ကြီးမြို့တွင် ယခင်အစိုးရ အဆက်ဆက်က Smart City ကို ရည်ရွယ်ထားမှုရှိခဲ့ကြောင်းနှင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည်ဖြစ်သည့်အတွက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့ရဲ့ လုံခြုံမှုအနေအထား ပိုကောင်းရန်၊ ပိုမိုလုံခြုံရန်နှင့် ပြည်နယ်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးသည် လုံခြုံရေး အဓိက ဖြစ်ပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ Myanmar Fisca & Communication Co,Ltd မှ အထွေထွေမန်နေဂျာ ဦးဇော်မြင့်နှင့် အထွေထွေ မန်နေဂျာ ဦးမျိုးမင်းအောင်တို့က Safe City Security CCTV project နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး Dohua Co, Ltd မှ မြန်မာပြည်ကိုယ်စားလှယ် Mr, Su Shanghal Jil က ရှင်းလင်းတင်ပြကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့က ဆွေးနွေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

မောင်မောင်သန်း(တောင်ကြီး)