မန္တလေး ၃၀ မတ်
မေး- လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ-ကားတော့ မရိုက်သေးဘူး။ ကြောငြာလေးတွေ ရိုက်ရင်းနဲ့ သီချင်းတွေပဲ ဆိုနေပါတယ်။ အဓိက ကတော့ သမီးလေးတွေ ငယ်နေတုန်းမှာ သမီးလေးတွေနားမှာ နေမယ်။ အလုပ်လေးကိုလည်း မျှမျှတတလေးပေါ့နော်။ ကလေးလေးတွေ ငယ်ဘဝလေးမှာလည်း ပြုစုပျိုးထောင်တဲ့အခါမှာ မိဘနဲ့ ရင်းနှီး နွေးထွေးမူ၊ ချစ်ခင်မူ၊ သူတို့ရဲ့ စိတ်လုံခြုံမူ၊ အရာရာ ပံ့ပိုးပေးနိုင်တာ မိဘတွေဖြစ်တဲ့အတွက်ကြောင့်မို့ ထရီဇာတို့ရဲ့ အချိန်တွေကို ပေးရတာ။ အဲဒီအတွက်ကြောင့်မို့ အနုပညာလုပ်ငန်းဆို ကားရိုက်မယ်ဆိုရင် ရေရှည် အချိန်ပေးရတာမျိုး ဖြစ်နေတာလေ အဲဒီအတွက်ကြောင့်မို့ ခဏနားလိုက်တဲ့ သဘောပါ။ ဒါပေမယ့် ကိုယ့်ရဲ့ရပ်တည်မူ၊ ကိုယ့်ပရိသတ်တွေ ဆိုတာလည်း ရှိသေးတော့ သီချင်းတွေ ကြိုးစားဆိုတယ်။ နယ်ပွဲတွေလည်း လိုက်ဆိ်ုတယ်။ အခုကြော်ငြာတွေရိုက်ဖြစ်တယ်။ အခု Myanmar Got Tallent မှာ ဒိုင် အနေနဲ့ ပါဝင်ဖို့ ရှိတယ်။ အဓိက ရည်ရွယ်တာကတော့ ကိုယ်ကားရိုက်မရှိတုန်း နယ်ကပရိသတ်တွေနဲ့လည်း အဆက်အသွယ် မပြတ် အောင် တီဗီအစီအစဉ်လေးတစ်ခုမှာ ပါဝင်ဖြစ်တယ်။
မေး-စီးပွားရေးအနေနဲ့ လုပ်နေတာတွေရှိရင် သိချင်ပါတယ်။
စီးပွားရေး အနေနဲ့ကကျတော့ ကိုယ်က ကလေးအမေဖြစ်လာတော့ ကိုယ်ကိုယ်တိုင် သုံးတဲ့အခါမှာ ဈေးကွက်ထဲမှာ ခက်ခဲတဲ့အရာလေးတွေ ကိုယ်တခြားကနေ ဝယ်သုံးရတဲ့ အရာမျိုးလေးတွေ ရှိလာတဲ့အခါမှာ အော်..ဒါလေးကို ဒီဈေးကွက်ထဲ ထည့်နိုင်ရင် ကောင်းမယ်ဆိုပြီး ကြိုးစားနေဆဲကာလပါ။ ကိုယ်လည်း Businesses ဘက်က မဟုတ်ဘူး။ အဓိကကတော့ အမေတစ်ယောက်အနေနဲ့ စေတနာတွေနဲ့ ကိုယ်လုပ်ချင်တဲ့အရာလေးတွေ လုပ်ဖြစ်တယ်ပေါ့။ ပြီးတော့ ' က ကလေးငယ်' Fashion Brand ဆိုပြီး ထုတ်ဖို့ရှိတယ်။ အဲဒါကလည်း လုပ်နေဆဲပါ။ ဘာဖြစ်လို့လည်းဆိုတော့ စီးပွားရေး ဆန်ဆန်မဟုတ်ဘူး။ ' က ကလေးငယ်' ဘရန်းဆိုလည်း ဒီလိုပဲ ဖက်ရှင်ကို စိတ်ဝင်စားတယ်။ အခု သမီးလေးတွေကြတော့လည်း သမီးလေးတွေကို ဆင်ရပြုရတာ စိတ်ဝင်စားတယ်။ အဲဒီအခါမှာ ဝတ်ရချွတ်ရတာ လွယ်ကူတယ်။ သူတို့အတွက်လည်း သက်တောင့်သက်သာ ရှိမယ်။ သူတို့အတွက်လည်း fashionable ဖြစ်မယ်။ အဲဒီအရာအားလုံးကို ဦးတည်စဉ်းစားပြီး အင်္ကျီလေးတွေ ထုတ်ရင်ကောင်းမယ်ဆိုပြီး စဉ်းစားပြီး လုပ်မယ်စိတ်ကူးတဲ့ ဟာလေးပေါ့။ ဒါတွေက ဒါ plan ပဲရှိပါသေးတယ်။ အကောင်အထည် မဖော်ဖြစ်သေးပါဘူး။ အကောင်အထည် ဖော်ဖြစ်ရင် သေသေချာချာ တိတိပပ ပြောပါမယ်နော်။
အိမို့မို့ခိုင်