သမိုင်းသစ်ရေးထိုးလိုက်တဲ့ ဘီယွန်းစေး

၉  သြဂုတ်

ပေါ့ပ်ကြယ်ပွင့် ဘီယွန်းစေးဟာ သူ့ရဲ့အနုပညာသက်တမ်းမှာ နောက်ထပ်မှတ်တိုင်သစ်တစ်ခုကို ထပ်မံစိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘီယွန်းစေးရဲ့ “Vogue” မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ ပုံတူကို ဝါရှင်တန်ဒီစီမှာရှိတဲ့ ပုံတူပန်းချီပြခန်းမှာ ပါဝင်ပြသသွားမှာဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဘီယွန်းစေးရဲ့ ကျော်ကြားတဲ့ပုံတူတစ်ခုဖြစ်တဲ့ “Vogue” မဂ္ဂဇင်းက ပုံတူကို အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဓာတ်ပုံဆရာ တိုင်လာမစ်ချဲက ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပုံတူကို စမစ်ဆိုနီယမ် အမျိုးသားပုံတူပန်းချီပြခန်းမှာ ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ဓာတ်ပုံဆရာက သူ့ရဲ့အင်စတာဂရမ် စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်