သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားပွဲသို့  မင်းလှကျင်းကျေးရွာမှ နွားလှည်းတန်းများဖြင့် နှစ်စဉ် အစဉ်အလာမပျက် လာရောက်ဖူးမြော်

မင်းဘူး ၇ မတ်

မကွေးတိုင်းဒေသကြီးရှိ သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားပွဲသို့ မင်းဘူး(စကု)မြို့နယ်၊ မင်းလှကျင်းကျေးရွာမှ နွားလှည်းတန်းဖြင့် နှစ်စဉ် ရှေးရိုးအစဉ်အလာမပျက် လာရောက် ဖူးမြော်လျက်ရှိရာ ယမန်နေ့က နွားလှည်းတန်း ၃၁ စီးဖြင့် လာရောက်ဖူးမြော်ကြကြောင်း သိရသည်။

 

ညျြ်

 

"သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို ကျွန်တော်တို့ အဘိုးအဘွားတွေ လက်ထက်ကတည်းက လှည်းတန်းနဲ့ နှစ်စဉ်သွားရောက်ဖူးမြော်ခဲ့ကြတာပါ၊ ယခင်နှစ်က နွားလှည်းအစီး ၆၇ စီးနဲ့ သွားခဲ့ပြီး၊ ယခုနှစ် နွားလှည်းစီးရေ ၃၁ စီး သွားရောက်ဖူးမြော် ကြတာပါ၊  နှစ်စဉ် တပေါင်းလပြည့်နေ့အမီ လာရောက်ပြီး လပြည့်နေ့မှာ အာရုဏ်ဆွမ်း ကပ်လှူကြမှာပါ "ဟု မင်းလှကျင်းကျေးရွာ အုပ်စုရေးမှူး ဉီးမောင်ဝင်းက ပြောပြသည်။

 

ုြျြိျ

"ကျွန်တော်တို့ မတ်လ ၆ ရက် မွန်းလွဲ ၃ နာရီခွဲက လှည်းတန်း ၃၁ စီးနဲ့ စတင် ထွက်လာပါတယ်၊ မင်းလှကျင်းကျေးရွာနဲ့ မန်းရွှေစက်တော်ဘုရားက ၁၂ မိုင်ခန့် ဝေးပါတယ်၊ မိသားစုအလိုက် ဘုရားဖူးလာကြတာပါ၊ နွားလှည်းနဲ့ သွားကြပါတယ်၊ တချို့ကလည်း ကားနဲ့လည်း သွားကြတာရှိပါတယ်၊ ဒီနေ့ဆိုရင် လူဉီးရေ စုစုပေါင်း(၅၀ဝ)ဉီးခန့် ဘုရားဖူးလာကြတာပါ၊ မန်းချောင်းသောင်ပြင် လှည်းဝိုင်းမှာ နေကြမှာပါ၊ တပေါင်းလပြည့်ကျော် ၂ ရက်နေ့မှ ပြန်ကြမှာပါ"ဟု လှည်းတန်းဖြင့် ဘုရားဖူးလာရောက်သူ တစ်ဉီးက ပြောပါသည်။ 

 

ုြ့ျထြျ

"အနယ်နယ်အရပ်ရပ်က ဓာတ်ပုံပညာရှင်တွေနှင့် ဝါသနာရှင်တွေ ပူးပေါင်းပြီး လှည်းတန်းထွက်မည့်ရက်ကို လာရောက်ရိုက်ကူးကြတာပါ၊ မန်းရွှေစက်တော်ဘုရားပွဲတော်ကို မြန်မာ့ရိုးရာနွားလှည်းတန်းဖြင့် လာရောက်ဖူးမြော်ကြတဲ့ အစဉ်အလာကို မပျောက်ပျက်ဖို့နဲ့ နောင်လာနောင်သားတွေ ဆက်လက်ထိမ်းသိမ်းဖို့ ရည်ရွယ်ပြီး လာရောက် ရိုက်ကူးခြင်း ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဓာတ်ပုံဝါသနာရှင်တွေ၊ စေတနာအလှူရှင်တွေ ပူးပေါင်းပြီး ရေသန့်ဗူးများ၊ ကော်ဖီမစ်ထုပ်များ၊ အစားအသောက်များနှင့် စုစုပေါင်းလှူဒါန်းငွေ (၂၈၀ဝ၀ဝ) ကျပ်အား လှည်းတန်းကို အလှူဒါနပြုခဲ့ပါတယ်"ဟု ဒေသခံ ဓာတ်ပုံဝါသနာရှင် ကိုဂျေက ပြောပြသည်။ 

မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် အထူး စည်ကားများပြားလျက်ရှိကြောင်း သိရှိရပြီး၊ မန်းရွှေစက်တော်ဘုရားနှင့် ၃ မိုင်ခန့် အကွာတွင်  ဘုရားဖူးပြည်သူများ အပန်းဖြေလေ့လာရေး ဆင်စခန်းဖွင့်လှစ်ထားရှိပြီး ဘုရားဖူး ပြည်သူများ လွင့်လင့်တကူ သွားရောက်နိုင်မည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)