SMM 3rd Asian “Asia World Foundation” Men's U-23 Volleyball Championship ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ၈ သြဂုတ်    


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် SMM 3rd Asian “Asia World Foundation” Men's U-23 Volleyball Championship ပြိုင်ပွဲအား ယနေ့နံနက် (၁၁) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)နှင့် (C)တို့၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိသည်။


ယနေ့ပွဲစဉ်များကို နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက်များအနေဖြင့် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)နှင့်(C)တို့တွင် သြစတေးလျနှင့် တရုတ်(တိုင်ပေ)၊ ဂျပန်နှင့် တရုတ်၊ ပါကစ္စတန်နှင့် သီရိလင်္ကာ၊ အိန္ဒိယနှင့် ကာဇက်စတန်အသင်းတို့သည် နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက် (၁)မှ (၈)အတွင်း လည်းကောင်း၊ ထိုင်းနှင့်ဆော်ဒီအာရေးဘီးယား၊ မြန်မာနှင့် ကာတာ၊ ဘာရိန်းနှင့် တရုတ်(ဟောင်ကောင်)၊ ဗီယက်နမ်နှင့် နယူးဇီလန်အသင်းတို့သည် နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက် (၉)မှ (၁၆)အတွင်း လည်းကောင်း ယှဉ်ပြိုင်ကစားလျက်ရှိသည်။


ထို့နောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ယှဉ်ပြိုင်ကစားကြရာ  သြစတေးလျအသင်းနှင့် တရုတ်(တိုင်ပေ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၃၆-၃၈)မှတ်၊ (၂၃-၂၅)မှတ်၊ (၁၈-၂၅)မှတ်ဖြင့် လည်းကောင်း၊ ဂျပန်အသင်းနှင့် တရုတ်အသင်း တို့ယှဉ်ပြိုင်ကစားကြရာ(၂၅-၂၀)မှတ်၊ (၂၄-၂၆)မှတ်၊ (၂၅-၂၁)မှတ်၊ (၂၅-၁၉)မှတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။


ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌  ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ဘာရိန်းအသင်းနှင့် တရုတ် (ဟောင်ကောင်)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂၅-၁၈)မှတ်၊ (၂၅-၁၉)မှတ်၊ (၂၃-၂၅)မှတ်၊ (၂၅-၁၇)မှတ်ဖြင့်လည်းကောင်း၊ ဗီယက်နမ်အသင်းနှင့် နယူးဇီလန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂၅-၁၉) မှတ်၊ (၂၀-၂၅) မှတ်၊ (၂၅-၂၁)မှတ်၊ (၂၅-၂၁)မှတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။


ထို့နောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ထိုင်းအသင်းနှင့် ဆော်ဒီအာရေးဘီးယားအသင်း၊ မြန်မာအသင်းနှင့် ကာတာအသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ပါကစ္စတန်အသင်းနှင့် သီရိလင်္ကာအသင်း၊ အိန္ဒိယအသင်းနှင့် ကာဇက်စတန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရှိရသည်။


SMM 3rd Asian “Asia World Foundation” Men's U-23 Volleyball Championship ပြိုင်ပွဲကို ဩဂုတ် ၃ ရက်မှ ၁၁ ရက်ထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)နှင့်(C)တို့၌ နေ့စဉ်နံနက် (၁၁)နာရီမှ စတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။
    
    
လူထုအားကစားနှင့် ပညာပေးဌာနခွဲ