သမ္မတထရန့်ရဲ့ WHO အား လှူဒါန်းငွေ ရပ်ဆိုင်းတာနဲ့ပတ်သတ်ပြီး ဂျာမနီနိုင်ငံက ရှုတ်ချ

၁၅ ဧပြီ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အား လှူဒါန်းငွေ ရပ်ဆိုင်းမယ်လို့ မနေ့က ပြောကြားလိုက်တာနဲ့ ပတ်သတ်ပြီး ဂျာမနီနိုင်ငံက ဒီကနေ့ ရှုတ်ချလိုက်ပါတယ်။

 

အမေရိကန်သမ္မတက ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုင်တွယ်ပုံမှားယွင်းတဲ့အတွက် ရန်ပုံငွေ မထည့်ဝင်ဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီပြောဆိုချက်အပေါ် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဟိုက်ကို မတ်စ် က သူတစ်ပါးကို ပြစ်တင်ခြင်းဖြင့် မကူညီနိုင်ဘူး။ ဗိုင်းရပ်စ်ပိုးမှာ နယ်မြေဒေသ သတ်မှတ်မှုကို မသိဘူး။ လုပ်စရာတစ်ခုကတော့ ကုလသမဂ္ဂကို အားကောင်းအောင် ပြုလုပ်ရမှာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်အောက်ကနေ ဗိုင်းရပ်စ်ရောဂါ စမ်းသပ်ရေးနဲ့ ကာကွယ်ရေးဆေး ထုတ်လုပ်ရန်သာဖြစ်တယ်လို့ ပြောပါတယ်။

 

WHO မှာ မနှစ်က အများဆုံးအလှူရှင်ဟာ အမေရိကန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ အထိ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

 

MDN
ကိုးကား -AFP