သင်္ဃန်းကျွန်း မြန်မာ့စီးပွားရေးဘဏ်ခွဲမှ ငွေကျပ်သိန်း ၂၀၀၀ ကျော်ခန့် ပျောက်ဆုံးခဲ့ပြီး ကျူးလွန်သူများ ဖမ်းဆီးရမိ

ရန်ကုန်၊ ၁၀ မေ 

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ (သင်္ဃန်းကျွန်း) ၌ မေ ၇ ရက် ည ၁၁ နာရီ ၁၅ မိနစ်က ငွေကျပ်သိန်း ၂၀၀၀ ကျော်ခန့် ခိုးယူခံခဲ့ရကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ အမှုဖွင့်လှစ်၍ ကျူးလွန်သူများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ကျူးလွန်သူ ပြည့်စုံအောင်(ခ)ပြည့်စုံ (၂၁)နှစ် ဘဏ်လုံခြုံရေး၊ အောင်မင်္ဂလာဒုံလမ်း၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူအား စစ်ဆေးတွေ့ရှိချက်များအရ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများနှင့် ပြစ်မှုကျူးလွန်ရာတွင် အတူပူးပေါင်းပါဝင်သူ သက်ထွန်းနိုင်(ခ)ရွှေသွား (၃၉)နှစ် ဘဏ်လုံခြုံရေး၊ အောင်မင်္ဂလာဒုံလမ်း၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူအား မေ ၈ ရက် ည ၁၁ နာရီ မိနစ် ၅၀ တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ အမှတ်(၃)လမ်းမကြီးဘေး၊ မြန်မာ့စီးပွားရေးဘဏ်ရုံးအတွင်း သက်သေခံပစ္စည်း ကျပ်သိန်း (၂၃၀၀)နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ကျူးလွန်သူများအား ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

စန္ဒာမိုး(ပြန်/ဆက်)