သင်္ကြန်ရင်ခုန်သံအစီအစဉ်

‘ပိတောက်ကတဲ့ဂီတ’ရုပ်ရှင်ဇာတ်ကား စကားဝိုင်းကျင်းပ

p

မှတ်တမ်း

သီတာဌေး (ပြန်/ဆက်)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များနှင့် ဖျော်ဖြေပွဲများ ရပ်ဆိုင်းထားချိန်တွင် ပြည်သူများ အပန်းဖြေကြည့်ရှုနိုင်ရန်အတွက် မြန်မာ့ရိုးရာသင်္ကြန်၏ ပုံရိပ်ကို ထင်ဟပ်စေသည့် ‘ပိတောက်ကတဲ့ဂီတ’ ရုပ်ရှင်ဇာတ်ကား၌ ပါဝင်ခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါစကားဝိုင်းတွင် အစီအစဉ်မှူးအဖြစ် အကယ်ဒမီ ဆွေဇင်ထိုက်၊ “ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ အေးမြတ်သူ၊ သရုပ်ဆောင် ပိုးမမှီသာတို့က ပါဝင်ဆွေးနွေးခဲ့မှုများကို ဖော်ပြလိုက်ရပါသည် -

 

ျဖ့

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဒီကနေ့ သင်္ကြန်အမှတ်
တရ စကားဝိုင်းမှာ ရွေးချယ်လာတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ အမည်ကတော့ ပိတောက်ကတဲ့ဂီတ ဖြစ်ပါတယ်ရှင်။ ဒီပိတောက်ကတဲ့ ဂီတဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား နဲ့ မင်းသမီးတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ပထမ ဦးဆုံး ကျွန်မမေးချင်တာက ကိုစိုင်းစိုင်းကို အရင်မေးချင် ပါတယ်။ ဒီရုပ်ရှင်ကားကို ရိုက်တာဟာ ဘာကိုရည်ရွယ်ပြီး တော့ ရိုက်တာလဲဆိုတဲ့ Concept ပေါ့။ အဲဒါလေးကို သိချင်ပါတယ်။

 

ျျု

သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်။ ။ ကျွန်တော်တို့ ပိတောက်ကတဲ့ဂီတ ရုပ်ရှင် ဇာတ်ကားက ဂီတကို အခြေခံတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာပါဝင်တဲ့ ဇာတ်ကောင်တော်တော်များများ ဟာ ဂီတသမားတွေ ဖြစ်ပါတယ်။ မတူညီတဲ့ ဂီတ အမျိုး အစားတွေ၊ မြန်မာ့ဂီတကို ကြိုက်တဲ့ မြန်မာဂီတ ပညာရှင်၊ ပြီးတော့ ကျွန်တော်ကဆိုရင် ခေတ်ပေါ်ဂီတသမား တစ်ယောက်အနေနဲ့ သရုပ်ဆောင်တယ်။ ပိုးမမှီသာက လည်း စောင်းကောက်တီးတဲ့ ဆရာမနေရာကနေ သရုပ် ဆောင်တယ်။ ဒီဂီတကို အခြေခံတယ်။ ပြီးတော့ မေတ္တာ တရားကိုလည်း ကျွန်တော်တို့ ပြချင်ပါတယ်။ ပြီးတော့ မတူညီတဲ့အယူအဆတွေ၊ မတူညီတဲ့ မျိုးဆက် ကွာဟမှု တွေရှိတယ်။ ဒါတွေနဲ့ တည်ဆောက်ထားတဲ့၊ ဖန်တီးထား တဲ့ရုပ်ရှင်ဖြစ်ပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ မြန်မာ့သင်္ကြန်ဆိုတာ

ဂီတနဲ့ အမြဲတမ်းပဲ နှီးနွှယ်ပြီးတော့ ပါလာခဲ့တာပေါ့။ အခု သင်္ကြန်ဆိုတဲ့ Concept လေးနဲ့ ဒီဘက်ကနေ ဂီတအမျိုးအစားလေး လည်း ပါလာတာဆိုတော့ ဒီဇာတ်ကားဟာ ကိုစိုင်းစိုင်းနဲ့ အလွန်မှလိုက်တယ်လို့ ကျွန်မထင်ပါတယ်။ နောက် ဒီဇာတ်လမ်းလေးရဲ့ Concept ကို ကြည့်ရတာတော့ မင်းသားလေး တစ်ယောက်နဲ့ မင်းသမီးလေးနှစ်ယောက်ရဲ့ Tri Love ပေါ့။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ အဲဒီတော့ ဒီဇာတ်လမ်းထဲမှာ မအေးမြတ်သူက ဘယ် Character ကပါလဲဆိုတာလေးလည်း သိချင်ပါ တယ်။

 

amt

အကယ်ဒမီ အေးမြတ်သူ။ ။ သမီးကတော့ ဒီကားထဲ မှာ သရုပ်ဆောင်ပေါ့။ လက်ရှိမှာလည်း ဒီကားရဲ့ Character ဝတ်ရည်ချိုက ကျတော့ နာမည်အတော်အသင့်ရှိတဲ့ မင်းသမီး တစ်ယောက်။ သူ့ရဲ့ချစ်သူက အဆိုတော်။ ဒါပေမယ့် ဒီဘက်ခေတ် သမီးရည်းစားတွေလိုပဲ ပြတ်လိုက်၊ ဆက် လိုက်ပေါ့။ အဲဒီလိုမျိုး ကိုယ့်ရဲ့အဆိုတော်နဲ့၊ ကိုယ့်ချစ်သူနဲ့ ဖြစ်နေတဲ့အချိန်မှာ သူချစ်တယ်ဆိုတဲ့ နောက်ထပ်မိန်းမ တစ်ယောက်ပေါ်လာတဲ့အချိန်မှာ ဖြစ်လာတဲ့ဟာလေး တွေပေါ့။ သမီးကတော့ အဲဒီဘက် Side ကနေ ပါဝင် ရပါတယ်ရှင့်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ပိုးမမှီသာကို မေးချင်တယ်။ သူက စောင်း ကောက်တီးတာဆိုတော့ သမီး Character အတွက် တကယ်ပဲ စောင်းကောက်ကို ဘယ်လိုပြင်ဆင်လာခဲ့ရလဲ ဆိုတာ ကျွန်မလည်း သိချင်တယ်၊ ပရိသတ်တွေလည်း သိချင်မှာပဲ။

 

pmt

သရုပ်ဆောင် ပိုးမမှီသာ။ ။ ဒီကားထဲမှာ စောင်းတီးရမယ်ဆိုတော့ သမီးက တူရိယာတွေနဲ့ သိပ်အကျွမ်းတဝင်မရှိတဲ့အခါကျတော့ ဇာတ်ကားထဲမှာ ကြောင်နေမှာစိုးလို့ ဒီဇာတ်ကားမရိုက် ကူးခင် နှစ်လလောက် အခြေခံလက်ကွက်လေးတွေကို သမီးသင်ဖြစ်တယ်။ ဒီကားထဲမှာ တီးရမယ့်လက်ကွက် လေးတွေကို ယဉ်ကျေးမှုတက္ကသိုလ်က ဆရာမ တစ်ယောက်နဲ့ စောင်းတီးတာလေးတွေကို သမီးလေ့ကျင့် ဖြစ်တယ်။ ကျွမ်းကျွမ်းကျင်ကျင် စောင်းတီးတတ်တာ မဟုတ်ပေမယ့် ဇာတ်ကားထဲမှာတော့ ကြည့်ရတာလေး အဆင်ပြေမယ်လို့ ထင်ပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ပြေပါတယ်။ တော်ကြပါတယ်။ ကျွန်မတို့ ရုပ်ရှင် မင်းသား မင်းသမီးဆိုတာ အဋ္ဌာရသ ၁၈ ရပ် အခြေခံကို အကုန်တတ်ရတယ်။ ဘယ်လို Character ပဲလာလာ လုပ်နိုင်အောင်ပါ။ ဒါပေမဲ့လို့ တကယ့်ကို Specialist အနေနဲ့ ဂီတမှာ ကျွမ်းကျင်တဲ့ ဒီရုပ်ရှင်ကားထုပ်ထဲက ဂီတ နဲ့ပတ်သက်တဲ့ တင်ဆက်ပုံလေးအကြောင်းကိုလည်း ပြောပြပါဦး။

သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်။ ။ ဒီရုပ်ရှင် ဇာတ်ကားတစ်ခုလုံးကို ကျွန်တော် က ဒီလိုမျိုးတင်စားပါတယ်။ ဒီဇာတ်လမ်း ဇာတ်ကွက်တွေ ကို သီချင်းတွေနဲ့ သီကုံးထားတယ်လို့ တင်စားပြီးတော့ Presentation ဟာ သီချင်းနဲ့ ဂီတရဲ့ ပံ့ပိုးမှုနဲ့ သွားနေခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဇာတ်ကွက်၊ ဇာတ်လမ်းနဲ့ လိုက်ဖက်တဲ့ Scene by Scene ပေါ့။ မတူညီတဲ့ Music တွေကို ကျွန်တော်တို့ အသုံးပြုရပါတယ်။ ပတ္တလား သုံးရ တာရှိသလို စောင်းကောက်သုံးရတာလည်း ရှိတယ်။ Hip Hop Beat တွေ သုံးရတာရှိတယ်။ Country သီချင်းမျိုး သုံးရတာလည်း ရှိပါတယ်။ ဇာတ်သိမ်းခန်းကိုလည်း ကျွန်တော်တို့က မန္တလေးသင်္ကြန်နဲ့ မန္တလေးမြို့တော် ဗဟိုမဏ္ဍပ်ပေါ်မှာ ရိုက်ကူးတာလည်း ဖြစ်တယ်။ ပြီးတော့ မန္တလေးရဲ့အထင်ကရ မြို့မအပျော်တမ်းတူရိယာအသင်း ကြီးကလည်း ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကားထဲမှာ မေတ္တာနဲ့ ပါဝင်ပြီးတော့ ကူညီထားတာလည်း ဖြစ်ပါတယ်။ မြို့မရဲ့ Music လည်း ပါဝင်တယ်။ ပြီးတော့ ဇာတ်သိမ်းခန်းမှာ ကျွန်တော်တို့ ရတု၊ မဟာဂီတ အစရှိသဖြင့် ဒီလို Music တွေလည်း ထည့်သွင်းရပါတယ်။ ဒီ Music အားလုံးကိုတော့ ကျွန်တော်တစ်ယောက်တည်း ဘယ်လိုမှ မလုပ်နိုင်ပါဘူး ခင်ဗျာ။ ဒီမှာ အသီးသီး ဂီတပညာရှင်တွေ အားလုံးကနေ ဝိုင်းပြီးတော့ တီးခတ်ပေးခဲ့တယ်။ သီကုံးပေးခဲ့တယ်။ ပံ့ပိုးပေးခဲ့ပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ကျွန်မ စိတ်ဝင်စားတာက ရုပ်ရှင်ကားထုပ် တိုင်း ကားထုပ်တိုင်းမှာ Plot လို့ ခေါ်တဲ့ အဓိကပစ္စည်းလေး တစ်ခုရှိတယ်။ အဲဒီပစ္စည်းလေးက အဲဒီထဲမှာ သူ့ရဲ့ အဖေက ရေးခဲ့တဲ့ သီချင်းတစ်ပုဒ်ဆိုတာကို သိလိုက်ပါ တယ်။ အဲဒီဟာလေးနဲ့ပတ်သက်လို့လည်း ပြောပြပါဦး။

သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်။ ။ အခုရုပ်ရှင်ကတော့တစ်ပတ်၊ ၁၀ ရက် လောက်တော့ ပြသပြီးသွားပြီပေါ့ အန်တီရယ်။ အဲဒီတော့ ကြည့်ပြီးတဲ့သူတွေလည်း ကြည့်ပြီးကြပါပြီ။ ဒီဇာတ်ကား ထဲမှာ မြှုပ်ကွက် တစ်ခုအနေနဲ့ မင်းသမီးရဲ့အဖေနေရာကနေ ဦးကျော်သူက သရုပ်ဆောင်ပါတယ်။ မြန်မာသံကို စွဲလမ်းနှစ်ခြိုက်တဲ့ ဂီတပညာရှင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ပါတယ်။ သူရေးခဲ့တဲ့ သီချင်းဆိုပြီးတော့ ကျွန်တော်တို့က မြှုပ်ကွက်လေးတစ်ခု ထားထားပါတယ်။ ဒီသီချင်းကိုတော့ ယဉ်ကျေးမှုတက္ကသိုလ်က ဆရာ ဓိရာမိုရ် ကနေပြီးတော့ ရေးပေးပါတယ်။ ဒီသီချင်းက မြန်မာသံဂီတ ပညာရှင်ရဲ့သီချင်းအနေနဲ့ ထည့်ရတာဆိုတော့ ကျွန်တော်တို့ က မြန်မာသံဖန်တီးရပါတယ်။ ပြီးတော့ တစ်ခါဇာတ်သိမ်း ခန်းမှာ ကျွန်တော်တို့က ဒီဟာကို Version ပြောင်းလိုက်တဲ့ အနေနဲ့ နောက်ထပ် Version တစ်ခုကို ပြန်ပြီးတော့ ဖန်တီးရပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ကျွန်မတို့ကတော့ အနုပညာသည်နဲ့ အနုပညာ ရှင်ဆိုတာ ရေစီးကြောင်းတစ်ခုမှာ ပါနေရသလိုပဲလေ။ ရှေ့လူ တွေကလည်း ရှေးမူနဲ့ သူ့ရဲ့ Value နဲ့ သူ့ရဲ့ Culture အတိုင်း လုပ်သွားတယ်။ နောက်လူတွေကလည်း New Version ဆိုတာ အမြဲတမ်းပဲ ဖန်တီးရပါတယ်။ အဲဒီတော့ ဒီကားမှာ ကျွန်မမြင်တာကတော့ Gap ရှိတယ်။ သူက Generation ဆိုတဲ့ အသက်အရွယ်အရလည်း Gap ရှိတယ်။ ပြီးတော့ သူတို့ရဲ့ တန်ဖိုးထားမှုတွေအရလည်း Gap ရှိတယ်။ နောက် သူကိုယ်တိုင်က သင်ယူလာတဲ့ သူ့ရဲ့ Memory ထဲမှာ နေနေတဲ့နေရာမှာလည်း လူကြီးနဲ့ လူငယ်ကြားမှာ Gap ရှိတယ်။ အဲဒီ Conflict ကို ဘယ်လို ဖြေလိုက်လဲဆိုတဲ့ ဇာတ်သိမ်းအချိုးလေးကို ပြောပြပါလား ပရိသတ်သိအောင်။ ကျွန်မလည်း သိပ်စိတ်ဝင်စားတယ်။

သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်။ ။ ဂီတဆိုတာ ဘယ်ဂီတအမျိုးအစားပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေရှိတယ်။ ပြီးတော့ မတူညီတဲ့ ရသတစ်မျိုးစီ ပေးနိုင်တဲ့ အနုပညာဖြစ်တယ်။ ဒါကို ကိုယ့်အစွဲနဲ့ကိုယ်၊ ကိုယ် နှစ်သက်တဲ့ ကိုယ့်အသည်း နှလုံးထဲက လက်ခံထားတဲ့ ဒီတစ်မျိုးတည်းကိုပဲ ဖက်တွယ်ထားတာ မဟုတ်ဘဲနဲ့ ဂီတတိုင်း ဂီတတိုင်းမှာ သူ့အလှနဲ့သူရှိတယ်ဆိုတာ အားလုံးက လက်ခံသွားပြီး တော့ ဒါပျော်ရွှင်စရာကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်လာ တယ်ဆိုတဲ့ ဇာတ်သိမ်းမျိုးနဲ့ ကျွန်တော်တို့ ရိုက်ကူး တင်ဆက်ထားပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ကျွန်မသတိထားမိတာတော့ Conflict က နှစ်ခု ရှိတယ်။ ပထမဦးဆုံး ကိုစိုင်းစိုင်းက ခေတ်ပေါ်ဂီတ သမားဖြစ်နေတယ်ဆိုတာက တစ်ခုရှိတယ်။ နောက် တစ်ခါကျတော့ သမီးလုပ်တဲ့သူနဲ့လည်း သဘောမတူတာ တွေရှိတယ်။ ဒါတွေအကုန်လုံးက နောက်ဆုံးကျတော့ Conflict နှစ်ခုစလုံးက ပူးပေါင်းပြီးတော့၊ တီထွင်ပြီးတော့ တင်ဆက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်သွားတယ်ဆိုတာ ဒီကား ရဲ့ အဓိက Theme လို့ ကျွန်မမြင်ပါတယ်။ ဂီတအပြင်မှာ ကိုမှ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်တွေကလည်း ပါရတာပေါ့နော်။ သမီးရဲ့ Character နဲ့ ပတ်သက်လို့ သမီးက ဘယ်လိုမျိုးများ Comment ပေးချင်လဲ။

သရုပ်ဆောင် ပိုးမမှီသာ။ ။ ဒီကားထဲက ပိုးမဒီCharacter က သမီး အပြင်က ပိုးမမှီသာ Character နဲ့ အများကြီး ကွာဟမှု မရှိပါဘူး။ မရှိတဲ့အတွက်ကြောင့် သမီးအတွက် လုပ်ရတာ နည်းနည်းလေးတော့ ပိုအဆင်ပြေပါတယ်။ ဒါပေမဲ့လည်းပဲ သမီးက ဒါ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားလည်း ဖြစ်တယ်။ သရုပ်ဆောင်တာကို တစ်ခါမှ မလုပ်ဖူးတဲ့အခါကျတော့ အခန်းတိုင်း အခန်းတိုင်းက သမီးအတွက် ခက်ခဲပါတယ်။ ကိုယ့်ကြောင့် ဂီတတွေရော၊ ပါဝင်တဲ့ ကိုစိုင်းတို့ မမအေးမြတ်သူတို့ အားလုံးကရော နောက် ဦးကျော်သူ၊ အန်တီဇာကြီး၊ အန်တီချိုပြုံးတို့လို ဝါရင့်သရုပ်ဆောင်တွေ အားလုံးက ကောင်းနေပြီးသားဖြစ်တဲ့အခါမှာ သမီး ကြောင့် တစ်ခုခုဖြစ်သွားမှာကို သမီးက အတော်စိုးရိမ် တယ်။ ပြီးတော့ ဇာတ်ကားကိုကျတော့ ရိုက်ချင်လွန်းလို့ ရိုက်မယ်လို့ ဆုံးဖြတ်လိုက်ပေမယ့် ကြောက်စိတ်ကလည်း များတယ်။
ယုံကြည်မှုကလည်း မရှိတဲ့အခါမှာ ဇာတ်ကားမရိုက်ခင် မမပိုင်ဖြိုးသုကနေပြီးတော့ သမီးကို Acting နဲ့ ပတ်သက် လို့ Scene by Scene သူ Coach လုပ်ပေးခဲ့တယ်။ ကိုစိုင်း ကလည်း Coach လုပ်ပေးတယ်။ On Scene ပေါ်မှာလည်း ကိုမီးပွား၊ အန်တီဇာကြီးတို့ အများကြီးသင်ပြပေးတဲ့ အတွက်တကယ်လည်း အဆင်ပြေခဲ့ပါတယ်။ ဘာပဲဖြစ် ဖြစ် ပထမဦးဆုံးကားလည်း ဖြစ်တဲ့အခါကျတော့ အခက် အခဲကတော့ အများကြီးရှိခဲ့ပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ အခက်အခဲ တွေကိုကျော်လွှားနိုင်တယ်။ ကိုယ့်ရဲ့ ဝီရိယတွေ၊ ကိုယ့်ရဲ့ Dedicative ဖြစ်တာတွေ၊ Inspiration ဖြစ်တာတွေနဲ့ကို ကျော်လွှားနိုင်တာပေါ့။ ကျွန်မတို့ ဒီရုပ်ရှင်မိသားစုတွေအားလုံးကလည်း အသစ် အသစ်တွေကို ကြိုဆိုပါတယ်။ ဝိုင်းဝန်းပြီးတော့ နွေးထွေးစွာနဲ့ပေါ့။ Acting Coach ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ဒီဇာတ်ညွှန်းကြီး တစ်ခုလုံးကိုကြည့်ပြီးတော့ ဘယ်နေရာကျရင် ဘယ် လောက်အထိ မြင့်မယ်။ ဘယ်ဟာကတော့ မကျွံစေနဲ့ ဆိုပြီးတော့ သူက ထိန်းပေးရတဲ့သူ ဖြစ်တာကိုး။ အဲဒီ Acting Coach သာ ရှိမယ်ဆိုရင် ကျွန်မတို့ မြန်မာ့ရုပ်ရှင်က အများကြီး ကောင်းလာမယ်လို့ ကျွန်မလည်းပဲ ယုံကြည်ပါ တယ်။ မအေးမြတ်သူအနေနဲ့ရော ကိုယ်လုပ်ရတဲ့ Character မှာ သိပ်ထူးထူးခြားခြား မရှိလိုက်ဘူး ထင်ပါ တယ်။

အကယ်ဒမီ အေးမြတ်သူ။ ။ သမီးအတွက်ကတော့ဒီလုပ်ငန်းကနေ သင်ယူ ခဲ့တာတွေလည်းရှိတော့ အတော်ကြီးခက်ခဲတာမျိုး မရှိတဲ့ အခါကျတော့ ဒါက ကိုယ့်ကို Pressure မပေးဘူး။ တစ်ခုပဲ ဒီထဲမှာ သူက နည်းနည်းတော့ဆိုးတယ်။ ဆိုးတယ်ဆိုတာ ဘယ်လိုလဲဆိုတော့ ချစ်တယ်၊ သူက ဟိုဘက်ကိုသွားပြီး တော့ ပြဿနာရှာတယ်။ ဒါကတော့ အမြဲတမ်း သုံးပွင့်ဆိုင် မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ဟာပေါ့။ အဲဒီလိုမျိုးဆိုတော့ ဘယ်လိုဆိုးမှာလဲဆိုတာ သမီးစဉ်းစားတယ်။ ဘာကြောင့် ဆိုးတာလဲ။ သမီးတို့မှာ Character တစ်ခုရပြီဆိုရင် ဘာကြောင့်ကောင်းတာလဲ၊ ဒီဟာ ဘယ်လိုကြောင့် ဖြစ်လာတာလဲဆိုတာ သမီးစဉ်းစားတယ်။ ဟုတ်ပြီ ဘာကြောင့်ဆိုးရတာလဲ။ သမီး ယောက်ျားတစ်ယောက်ကို တအားချစ်လို့ ဆိုးလိုက်တာ။ သမီးကိုယ့်ကိုယ်ကိုယ် အဲဒီ Character မွေးလိုက်တယ်။ ဘာလို့ ငါဆိုးတာလဲ၊ ငါ Plain ချည်းဆိုးတာ မဟုတ်ဘူး။ ငါ အဲဒီယောက်ျားကို တအားချစ်လို့။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဟုတ်တယ်လေ။တစ်ကမ္ဘာလုံးမှာ ဒါ Symptom ပါပဲ။ မိန်းမတစ်ယောက်က ယောက်ျား တစ်ယောက်ကို တအားချစ်ပြီဆိုလို့ရှိရင် ပိုင်ဆိုင်ချင် တယ်။ အကုန်လုံး ကိုယ့်ကိုယ်ကိုယ်လည်း လုံခြုံမှုရှိချင် တယ်။ သူ့ကိုလည်း ပိုင်ဆိုင်ထားချင်တယ်။ ဒီစိတ် တစ်ခုနဲ့ သရုပ်ဆောင်ရတာ။

အကယ်ဒမီ အေးမြတ်သူ။ ။ သမီးက အဲဒီမှာဝတ်ရည်ချိုကို အဲဒီလို မွေးလိုက်တာပေါ့နော်။ ဇာတ်ရဲ့အချိုးအရ သမီးက သူတို့ နှစ်ယောက်ကြားမှာ တချို့ဟာတွေမှာ နှောင့်ယှက်ရတာ ရှိတယ်။ ဘာလို့ နှောင့်ယှက်တာလဲ။ ငါ ဒီယောက်ျားကို တအားချစ်လို့ နှောင့်ယှက်တာဆိုတော့ ဒီကားထဲက အဆိုတော်စိုင်းစိုင်းကို တအားချစ်လိုက်တယ်။ သူတို့နှစ်ယောက်က အကြောင်းရင်းရှိတယ်။ သူတို့က အတော်ချစ်ကြတယ်။ ကိုယ်စီကိုယ်စီ အလုပ်တွေကြောင့်မို့ မတိုက်ဆိုင်မှုတွေရှိတယ်။ လမ်းခွဲတယ်။ ပြီးရင် ပြန်ပြီးတော့ ချစ်ကြတယ်။ ရှေ့မှာ အဲဒီလိုမျိုးလေး Plot ရှိထားတယ်ဆိုတဲ့အခါကျတော့ ဒီတစ်ခါလည်း ငါ သူ့ကို ချစ်တယ်ဆိုတော့။ အဲဒီစိတ်နဲ့ ဒီဟာကို လုပ်လိုက် မယ်ဆိုတဲ့စိတ်နဲ့ သမီး ကိုစိုင်းနဲ့ Acting လုပ်ရတဲ့ အခါကျတော့ သမီး ကိုစိုင်းကို တအားချစ်လိုက်တယ်။ ကောင်မလေးဆီကို သွားပြောတဲ့ အခန်းတွေ ရှိတယ်။ သူ့မိဘတွေကို ပြောတယ်ဆိုတော့ သမီးက တအားကြီး သွားရန်တွေ့တာ မဟုတ်ဘူး။ ရန်တွေ့လိုက်ရင် ဆိုးသွားမှာ လေ။ သမီးက ရန်မတွေ့ဘူး။ ပညာရှိနည်းလေးနဲ့ အပြုံးလေးနဲ့ပဲ သမီးသွားပြောလိုက်တယ်။ သမီးရဲ့ Character ကို သမီးပြန်ယူတာ။ ကိုစိုင်းနဲ့တွေ့ပြီးတော့ ကိုစိုင်း ပြန်ပြောတဲ့နေရာတွေမှာဆိုရင် အလွန်ချစ်တာ မသိဘူးလားဆိုတာကို သမီးရဲ့စိတ်နဲ့ပေါ့။ တစ်ခါတ‌လေကျ ရင် စကားနဲ့ပြောလို့မရတာတွေ ရှိတယ်။

မျက်လုံးကနေ ပြောရတယ်၊ Movement မျက်နှာနဲ့ ပြောရတယ်။ သမီး ကိုစိုင်းကို အဲဒီလိုတွေ ပြောတယ်။ မျက်လုံးနဲ့ ပြောတယ်၊ မျက်နှာပုံစံတွေနဲ့ ပြောတယ်။ အဲဒီလိုမျိုးနဲ့ သမီးသွားလိုက် တယ်။ ဒီထဲမှာ သမီးပါဝင်ရတဲ့ အခန်းကဏ္ဍ နည်းပေမယ့် သမီးရဲ့ ဒီယောက်ျားကိုချစ်တဲ့အချစ် ပေါ်လွင်သွားတယ် ဆိုရင် သမီးကျေနပ်တယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဒါမှ အေးမြတ်သူအစစ်။ မိန်းကလေးနှစ်ယောက် သိပ်ချစ်ကြတဲ့ကြားထဲမှာ နေရတဲ့ ယောက်ျားလေး တစ်ယောက်ရဲ့ အခန်းကဏ္ဍကို ပြောပြပေးပါဦး။


သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်။ ။ ဒီကားထဲမှာတော့ အဂ္ဂါစိုင်းက ဒီဇာတ်လမ်းကို စဖွင့်ပြီဆိုကတည်းက သူ့ရင်ထဲမှာက ဝတ်ရည်ချိုမရှိဘူး။ လမ်းခွဲပြီးသားမှာမှ ပိုးမဒီကို စတွေ့လာတဲ့အချိန်မှာ သူ့ရင် ထဲမှာ ပိုးမဒီပဲ။ အဂ္ဂါစိုင်းအနေနဲ့ကတော့ စိတ်ကတော့ ဗျာများရတာမျိုး မရှိဘူး။ သူ့စိတ်က တစ်ဖြောင့်တည်းပဲ။ သူဟာ ပိုးမဒီကိုပဲ ချစ်တယ်။ ဒါပေမဲ့ ဝတ်ရည်ချို ကနေပြီး တော့ အ‌နှောင့်အယှက်တစ်ခု လာဖြစ်တယ်။ အဲဒီ အကျပ် အတည်းထဲမှာပဲ သရုပ်ဆောင်ရပါတယ်။

အကယ်ဒမီ အေးမြတ်သူ။ ။ အဲဒီမှာ သူက တစ်ခွန်းပြောသွားတယ်။ ဝတ်ရည် ချိုကို မချစ်ဘူးဆိုတာ။ ဘယ်မှာလဲဆိုတော့ မင်း ငါ့ကို ချစ်တာလည်း ငါ နားလည်တယ်။ ငါ သူ့ကို ချစ်တာလည်း မင်းနားလည်ပေးပါဆိုတာ။ ဒီစကားလေးတစ်ခွန်းက ကိုစိုင်း ခုနပြောသလိုပဲ ဝတ်ရည်ချိုဆိုတာ မရှိတော့ဘူး။ ကောင်မလေးက ရှိတယ်ထင်နေတာဆိုတော့ အဲဒီစကား တစ်ခွန်းတည်းနဲ့ တစ်ခါတည်း ဖြေပြီးသား ဖြစ်သွားတယ်။ အဲဒီစကားကိုလည်း အတော်သဘောကျတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ကျွန်မတို့ ဇာတ်လမ်းတွေရဲ့ သဘောအရဆိုရင် Shape Shifter လို့ခေါ်တယ်။ ဇာတ်ရဲ့ Flow ကြီးကို တစ်ခါ တည်း Shape လုပ်လိုက်တာ။ လှည့်လိုက်တာပေါ့။ အလှည့် အပြောင်းတစ်ခုကို ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဂီတတွေ လည်း ပါတယ်။ သင်္ကြန်တွေလည်း ပါတယ်ဆိုတော့ နောက်ဆုံး Ending ခန်းကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ သူက Happy Ending လေး ပေးထားတာ လေ။ အဲဒါလေးကို ဘယ်လိုများ ဖန်တီးထားလဲဆိုတာ လည်း ကျွန်မတို့ သိချင်ပါတယ်။

သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်။ ။ ကျွန်တော်တို့က ဂီတရုပ်ရှင်ဖန်တီးကြမယ်။ ကျွန်တော်တို့ရဲ့ သင်္ကြန်။ ကျွန်တော်ကလည်း သင်္ကြန်ကို အင်မတန်စွဲလမ်းတာ။ ကျွန်တော်ကိုယ်တိုင်လည်း သင်္ကြန်နားမှာ မွေးတယ်၊ April Born။ ပြီးတော့ ငယ်ငယ် လေးကတည်းကလည်း သင်္ကြန်ကို အသေကြွေတာ။ ပြီးတော့ ဆယ်ကျော်သက်လောက်ကနေစပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ ဦးဆောင်ပြီးတော့ သင်္ကြန် မဏ္ဍပ် ထိုးတယ်။ ကျွန်တော်တို့ ရန်ကုန်မှာ အင်းလျားလမ်း သင်္ကြန်၊ ပြည်လမ်းသင်္ကြန်၊ ကမ္ဘာအေးဘုရားလမ်းသင်္ကြန် တွေအကုန် ကျွန်တော်တို့ အသက်အရွယ်နဲ့ ကျွန်တော်တို့ ခေတ်အဆက်ဆက် သင်္ကြန်ကို အင်မတန် ပျော်ခဲ့ကြတယ်။ ကျွန်တော်က ဂီတရုပ်ရှင်ကို ဖန်တီးမယ်။ သင်္ကြန်ဟာ ရေပက်တာတစ်ခုတည်း မဟုတ်ဘူး။ သင်္ကြန်မှာ ပျော်ရွှင်ကြတဲ့အချိန်မှာ ဂီတကလည်း အမြဲတမ်းတွဲပါ တယ်။ ဘယ်ခေတ်မှာမဆို အရင်ခေတ်ကလည်း အရင် ခေတ်ဂီတဖြစ်မယ်။ မန္တလေးကလည်း မန္တလေးဂီတဖြစ်မယ်။ ရန်ကုန်ကလည်း ရန်ကုန်ဂီတဖြစ်မယ်။ သင်္ကြန်က ဂီတနဲ့ အမြဲတွဲပါတဲ့အခါကျတော့ ကျွန်တော်တို့ ဂီတရုပ်ရှင်ဖန်တီး တဲ့အချိန်မှာ သင်္ကြန်ရယ်၊ ဂီတရယ်၊ ရုပ်ရှင်ရယ် သုံးခုကို ကျွန်တော်တို့ ပေါင်းတယ်။ ပေါင်းတာကို ဇာတ်ရဲ့ အထွတ် အထိပ်ကို ဇာတ်သိမ်းခန်းမှာ ထားပြီးတော့ မန္တလေးသင်္ကြန် ရဲ့ခမ်းနားမှု၊ ရင်ခုန်လှိုက်မောစရာကောင်းတဲ့ အရာတွေရယ်၊ သင်္ကြန်ရဲ့ပရိသတ်တွေနဲ့ မန္တလေး ဗဟိုမဏ္ဍပ်နဲ့ ပြီးတဲ့အခါ ကျတော့ မန္တလေးရဲ့အထင်ကရ မြို့မငွေငန်းကားကြီးနဲ့ ဂီတတွေနဲ့ ကျွန်တော်တို့က ပူးပေါင်းပြီးတော့မှ Happy Ending လည်း ဖြစ်မယ်။ ပြီးတော့ လူတွေရဲ့ ကြည်နူးစရာ ရသကို ပေးဖို့အတွက် အဲဒီ Target ကို ထားပြီး ဝိုင်းပြီးတော့ အကောင်အထည်ဖော်ကြတာပါ။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ အဲဒီတော့ ဒီ Mod Sceneပေါ့၊ အကြီးကြီး ရိုက်ရတာ၊ အခက်အခဲတွေကို ဘယ်လို ကျော်လွှားခဲ့လဲ။ ကျော်လွှား ပုံကျော်လွှားနည်း သိချင်တယ်။

သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်။ ။ ကျွန်တော်တို့ ဒီရုပ်ရှင်မှာMood Scene နှစ်ခု ပါပါ တယ်။ တစ်ခုက ဒီဇာတ်ရဲ့အလယ်မှာ အဂ္ဂါစိုင်းဆိုတာ ‌အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဆိုတာ ပြဖို့အတွက် Stage Show ပွဲကြီးတစ်ခုလို ကျွန်တော့်ရဲ့ အပြင်က စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပွဲအစစ်မှာ ရိုက်ကူးပါတယ်။ ပရိသတ် သုံးသောင်းလောက် ပါဝင်ပါတယ်။ တကယ့်ပွဲအစစ်မှာ မန္တလေးပရိသတ်ကို အကူအညီတောင်းလိုက်တာပါ။ ကျွန်တော် ရုပ်ရှင်ရိုက်မှာပါ။ ဒီသီချင်းကတော့ ရုပ်ရှင်ထဲ မှာပါမယ့် ဇာတ်ဝင်ခန်း ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော့် ပရိသတ်တွေအားလုံးက ရုပ်ရှင်ရိုက်တာကို ပါဝင်ကူညီ ပေးပါဆိုတဲ့ အချိန်မှာ တကယ်ချစ်ဖို့ကောင်းတယ်။ ပရိသတ်တွေက အားလုံးက ဒါကို ပါဝင်ကူညီပေးတဲ့ အတွက် ရုပ်ရှင်ထဲမှာ ဒီ Mood Scene ကြီးက ပရိသတ် သုံးသောင်းနဲ့ Setting လုပ်ပြီးရိုက်ဖို့က ကျွန်တော့်အတွက် ခက်တယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ Ending Scene ကလည်း တကယ့် သင်္ကြန်အစစ်မှာ မဏ္ဍပ်ပေါ်မှာ သင်္ကြန် ကျနေတဲ့အချိန်အတွင်းမှာပဲ ရိုက်တယ်။ ပြီးတော့ ညသင်္ကြန်သိမ်းပြီဆိုရင် ည ၁၁ နာရီလောက် မဏ္ဍပ်သိမ်း တဲ့အချိန်မှာ ပရိသတ်တွေကို မပြန်ဖို့ ကျွန်တော်က မေတ္တာရပ်ခံပြီးတော့ Microphone တစ်လုံးနဲ့ပဲပေါ့လေ အားလုံးမပြန်ကြပါနဲ့ဦး။ ကျွန်တော် ရုပ်ရှင်ဆက်ရိုက်မှာ မို့လို့ပါပေါ့။ ပရိသတ်တွေကလည်း နေပေးတယ်ဗျာ။ ကျွန်တော်တို့ ရုပ်ရှင်ရိုက်တယ်ဆိုတာ တစ်ခါတည်းနဲ့မှ မပြီးတာ။ Cut ပြန်ရိုက်ဆိုတော့။ အဲဒါဆိုရင် ကျွန်တော်တို့က ငွေငန်းကားကြီးကို နောက်ပြန်ဆုတ်၊ တစ်ခါပြန်လာ။ ကျွန်တော်ကလည်း ပရိသတ်တွေကို အားလုံး လက်မြှောက်ကြပါဦးပေါ့။ အဲဒီတော့ ကျွန်တော့်ရဲ့ ရုပ်ရှင်ကားမှာ ပြန်တွေးလိုက်တိုင်း ကြည်နူးရတဲ့ အချက် တစ်ခုက ကျွန်တော်တို့ ရုပ်ရှင်သမားတွေ၊ ဂီတသမားတွေ ချည်းပဲ ဖန်တီးထားတာ မဟုတ်ဘဲနဲ့ ပရိသတ်တွေ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပေးထားကြတယ်။ အဲဒါမျိုး ကျွန်တော်တို့ ရိုက်ကူးခဲ့ကြပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဒီလိုမျိုး ပရိသတ်တွေပါဝင်တယ်ဆိုတာက စိုင်းစိုင်းရဲ့ Fan တွေပေါ့နော်။ စိုင်းစိုင်းကို ချစ်ကြတာတွေ လည်း ပါပါတယ်။ ပြီးတော့ သင်္ကြန်ကို ချစ်ကြတာတွေ လည်း ပါပါတယ်။ ကျွန်မတို့ တစ်ကမ္ဘာလုံးမှာ မန္တလေး သင်္ကြန် ဒီတစ်ခုပဲ ရှိတယ်။ ငွေငန်းကြီးနဲ့ လည်တာလည်း ဒီတစ်ခုပဲ ရှိတယ်။ ဒါကြောင့်မို့လို့ အလွန်တရာမှ တန်ဖိုးထားရပါတယ်။ ဒီသင်္ကြန်ရုပ်ရှင်မှာ အားလုံးက ကိုယ့်ရဲ့အတတ်ပညာတွေ၊ ကိုယ့်ရဲ့အနုပညာတွေ၊ ကိုယ့်ရဲ့သံယောဇဉ်တွေနဲ့ လာရောက်ပြီးတော့ ရိုက်ကူး ပေးတာဖြစ်တဲ့အတွက်ကြောင့် ဒီကားကြီးက အောင်မြင် တယ်လို့ ကျွန်မယုံကြည်ပါတယ်။ နောက် ဒီကားက ပြရတဲ့ကာလက နည်းနည်းတိုတောင်းပါတယ်။ အဲဒီတော့ ကျွန်မတို့ တစ်ချိန်ကျလို့ ပြန်ပြီးတော့ အကုန်လုံး အခက် အခဲတွေကို ကျော်လွှားပြီးသွားရင် ကျွန်မတို့ တစ်ခေါက် ပြန်ကြည့် ကြရအောင်နော်။

အကယ်ဒမီ အေးမြတ်သူ။ ။ ဒီဘက်ခေတ်ရဲ့ Music တွေကို ကိုယ်စားပြု သလိုပဲ။ ၂၁ ရာစုရဲ့ ဒီဘက်ခေတ်ပေါ့။ အဲဒါကြောင့် သမီး က သဘောကျတာ။ ခေတ်တစ်ခေတ်စီမှာ သူ့ရဲ့ လူကြိုက်ခဲ့တဲ့ Music တွေ ရှိတယ်။ သူက Change Change သွားတာကိုး။ ဒီကားကြီးကကျတော့ ဒီ ၂၁ ရာစုမှာ လူငယ်တွေဟာ ဘယ် Music ကို သဘောကျနေလဲ၊ အဲဒီ Music တွေပါ အကုန်ပါတယ်။ အရင့်အရင် Music တွေလည်း အကုန်ယူထားတာဆိုတော့လေ။ ခေတ် တစ်ခေတ်ရဲ့ Music တွေ အကုန်ထည့်ထားတဲ့ အရာလို့ ခံစားရတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဟုတ်ပါတယ်။ ရုပ်ရှင်ရော၊ ဇာတ်လမ်းရော၊ သရုပ်ဆောင်တွေရော၊ ဂီတရော အချိုးအကွေ့ အပြောင်းတွေ အကုန်လုံးပါတာဖြစ်တဲ့အတွက်ကြောင့် မို့လို့ ဒါ ရောင်စုံပန်းခင်းကြီးတစ်ခုကို ကြည့်နေရသလိုပဲ ထင်ပါတယ်ရှင်။ အခုလိုမျိုး လာရောက်ပြောပေးတဲ့အတွက် အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ အခု ပြောသွားခဲ့တဲ့ ပိတောက်ကတဲ့ ဂီတဆိုတဲ့ ရုပ်ရှင် ကားထုပ်ကို ကြည့်ရှုဖို့အတွက် အားယူထားကြပါ။ ဒီမှာ ပြောသွားတဲ့ အခန်းတွေကိုလည်းပဲ ပြန်လည်ပြသတဲ့ အခါမှာ သွားရောက်ကြည့်ရှုအားပေးပါလို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါရစေရှင်။ ။