သင်ယူမှု အခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်  ၁၃   ဒီဇင်ဘာ

 

သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ဧရာဝတီတိုင်း ဒေသကြီးတွင် အခြေခံပညာကဏ္ဍ၌ ဆရာ ဆရာမ စုစုပေါင်း(၅၄၇၄၁)ဦး၊ အခြေခံပညာ ကျောင်းများ၊ ဘကကျောင်းများနှင့် ပုဂ္ဂလိကကျောင်းအားလုံးတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၂၀၅၆ ၁၁)ဦးရှိပြီး  အခြေခံပညာကျောင်း (၇၀၇၄) ကျောင်းရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍတွင် ကျောင်း(၆) ကျောင်းရှိပြီး ဆရာ ဆရာမ(၃၁၂)ဦး၊ ကျောင်းသား ကျောင်းသူ (၂၄၅၁)ဦး ရှိပါကြောင်း၊ အဆင့်မြင့် ပညာကဏ္ဍတွင် ဝိဇ္ဇာသိပံ္ပတက္ကသိုလ်(၃)ကျောင်းရှိပြီး ဆရာ ဆရာမ(၈၂၃)ဦး၊ ကျောင်းသား ကျောင်းသူ(၉၃၈၂၄)ဦးရှိပါကြောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်(၆) ကျောင်းရှိပြီး ဆရာ ဆရာမ(၅၉၀)ဦး၊ ကျောင်းသား ကျောင်း သူ(၄၉၆၈)ဦး၊ ပညာရေး ကောလိပ်(၃) ကျောင်းရှိပြီး ဆရာ ဆရာမ(၂၇၂)ဦး၊ ကျောင်းသား ကျောင်းသူ (၂၉၆၈)ဦး ရှိပါကြောင်း။

 

ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း(၂၆) မြို့နယ်တွင် ကျောင်းပေါင်း (၇၇၀၄) ကျောင်းရှိ သော်လည်း မူလွန်နှင့်အထက်တန်းကျောင်းမရှိသော ကျေးရွာအုပ်စု (၅၆၁)အုပ်စုရှိပြီး ကျေးရွာအုပ်စု(၄)အုပ်စုတွင် ကျောင်းလုံးဝမရှိပါကြောင်း၊ ထို့ပြင် လိုအပ်ချက်များရှိနေသေးရာ ၂၀၁၈-၂၀၁၉ မှ ၂၀၂၂-၂၀၂၃ အထိ (၅)နှစ် အတွင်း KG(+12)စနစ်အရ တည်ဆောက်ရန်လိုအပ်သည့် KG စာသင်ဆောင် (၃၅၀ဝ)ဆောင်၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တည်ဆောက်ရန်လိုအပ်သည့် စာသင်ဆောင်(၃၄၆၇) ဆောင် လိုအပ်လျက်ရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေကျပ် (၈၀၅၀ ဒသမ ၂၁၀ဝ)သန်းဖြင့် ဖြည့်ဆည်းနိုင်ရေး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်(၉) ကျောင်းအတွက် ကျောင်းသား ကျောင်းသူ အိပ်ဆောင်(၈)ဆောင်၊ စာသင် ဆောင်(၅)ဆောင်၊ စာကြည့်တိုက် (၂)လုံး၊ ဘက်စုံသုံးအားကစားခန်းမ(၁)ဆောင်၊ ဘောလုံးပွဲကြည့်စင် (၁)ခု၊ ဆရာ ဆရာမဆောင်(၂)ဆောင်၊ အရာရှိနေအိမ်(၁)လုံးတို့အား ဖြည့်ဆည်းနိုင်ရေး ပူးပေါင်း အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။

 

963.520741

 

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းရင်းသားစာပေသင် Teaching Assistant (TA)(၂၁၆၅)ဦး၊ Language Teacher(TA)(၂၁၆၂)ဦး ခန့်ထားပြီး ဖြစ်ပါကြောင်း၊ ပညာရေး ကောလိပ်များ ကိုလည်း (၄)နှစ်သင်ဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊  နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍတွင် ကာလတို သင်တန်း(၁၄)မျိုး၊ ကာလရှည်သင်တန်း(၅၄)မျိုး ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိပြီး (၃)နှစ် တာကာလအတွင်း အခြေခံအဆောက်အဦ(၂၅)လုံး ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် အဆောက်အဦ (၃၆)လုံးအတွက် ကျပ်သန်း(၇၄၂၈ဒသမ၃၅၉) ဖြည့်ဆည်းပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။

 

ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းနေအရွယ်ကလေးအားလုံး တစ်သက်တာ သင်ယူမှု အခွင့်အလမ်း ရရှိရေးနှင့် အရည်အသွေးရှိသော သင်ယူတတ်မြောက်မှု အခွင့်အလမ်း ရရှိရေးတို့အတွက် လိုအပ် နေသော ဆရာ ဆရာမများ၊ စာသင်ခန်းများ၊ စာသင် ခုံများ၊ သင်ထောက်ကူပစ္စည်းများ၊ အိုင်စီတီ များ၊ အိပ်ဆောင်များ၊ အိမ်ရာများ အကျိုးရှိ ထိရောက်ပွင့်လင်းမြင်သာစွာ ဖြည့်ဆည်း ပူးပေါင်း ဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အခြေခံပညာကဏ္ဍ၊ ကျောင်းပြင်ပ နှင့်တစ်သက်တာပညာရေးကဏ္ဍ၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ စသည့်သက်ဆိုင်ရာ ကဏ္ဍများ အလိုက် တင်ပြဆွေးနွေး ကြသည်။

 

ယင်းနောက် တက်ရောက်လာသူများသိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်ချက် များဖြည့် ဆည်းနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်