သန်လျင်မြို့နယ်၌ နေအိမ်အတွင်း ဝင်ရောက်လုယက်ခံရသည်ဟု လိမ်လည်တိုင်တန်းသူအား ဥပဒေနှင့်အညီ အရေးယူမည်

နေပြည်တော်  ၂၈  နိုဝင်ဘာ

သန်လျင်မြို့နယ်၌ နေအိမ်အတွင်း ဝင်ရောက်လုယက်ခံရသည်ဟု လိမ်လည်တိုင်တန်းသူအား ဥပဒေနှင့်အညီ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်၌ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်နေ ဒေါ်----- သည်  နိုဝင်ဘာ ၂၁ ရက် နံနက် ၁ နာရီခန့်တွင် နေအိမ်၌  သမီးဖြစ်သူနှင့်အတူရှိနေစဉ် မျက်နှာအား ပုဆိုးဖြင့် အုပ်စည်းထားသော အမျိုးသား (၂)ဉီးသည် နေအိမ်ရှေ့တံခါးမှဝင်လာပြီး ဓားဉီးချွန် ၁ ချောင်းပြခြိမ်းခြောက်၍ ငွေနှင့်ရွှေထည်ပစ္စည်း တန်ဖိုး ၉၄ သိန်းကျပ်အား ယူဆောင်သွားခဲ့ကြောင်း သန်လျင်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ဥပဒေနှင့်အညီ အမှုရေးဖွင့် ဆောင်ရွက်ခဲ့ကြောင်း။

တရားခံဖမ်းဆီးရမိရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးအမှုစစ်အဖွဲ့များက အခင်းဖြစ်ပတ်ဝန်းကျင် စစ်ဆေးခြင်းနှင့် အိမ်နီးချင်းများ၏ ထွက်ဆိုချက်များအရ လုယက်ခံရမှုနှင့်ပတ်သက်၍ မသင်္ကာတရားခံမှာ တရားလိုပြုလုပ် တိုင်တန်းသူသာဖြစ်နိုင်ကြောင်း ထင်မြင်ယူဆသဖြင့် တရားလို ဒေါ်------ အား စစ်ဆေးခဲ့ရာ ၎င်းသည် တရားမဝင်နှစ်လုံးထီ လောင်းကစားဒိုင်ပြုလုပ်ခဲ့ရာ အရှုံးပေါ်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူနှင့် ပြဿနာဖြစ်မည်ကို စိုးရိမ်ပြီး လုယက်ခံရသည့် သဏ္ဍာန်ပြုလုပ်ကာ မရိုးမဖြောင့်သောနည်းဖြင့် ရဲစခန်းသို့ လာရောက်အမှုဖွင့် တိုင်တန်းခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်¬ပေါက်သဖြင့် ဥပဒေနှင်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

သတင်းစဉ်