သန်လျင်မြို့နယ်တွင် ရိုးရာသင်္ကြန်ယိမ်းနှင့် သံချပ်ပြိုင်ပွဲကျင်းပမည်

ရန်ကုန် ၃ ဧပြီ

 


ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် ၁၃၇၉ ခုနှစ်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကိုမြို့နယ်စည်ပင်ရုံး အနီးတွင်ဗဟိုမဏ္ဍပ်ဆောက်လုပ်၍ သင်္ကြန်အကြိုနေ့မှအတက်နေ့ထိ ယိမ်းပြိုင်ပွဲ၊ သံချပ်ပြိုင်ပွဲနှင့် အနုပညာရှင်များ၏ တေးဂီတဖျော်ဖြေမှု၊ မြန်မာ့ဆိုင်းဝိုင်း၏ ဖျော်ဖြေတင်ဆက်မှုများအပြင် စတုဒီသာကျွေးမွေးလှုဒါန်းပွဲ များဖြင့်စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် ဆပ်ကော်မတီများဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

 


ယခုနှစ်ပြိုင်ပွဲဝင်ယိမ်းအဖွဲ့(၁၂)ဖွဲ့အတွက်တစ်ဖွဲ့လျင်ကျပ်(၃)သိန်း၊သံချပ်ပြိုင်ပွဲ(၅)ဖွဲ့အတွက် တစ်ဖွဲ့လျှင်ကျပ်(၁၀)သိန်းစီ ကျင်းပရေးကော်မတီမှ ထောက်ပံ့ကူညီပေးထားပြီး မြို့ခံတီးဝိုင်းအဖွဲ့များကလည်း အလှည့်ကျ အားဖြည့်သီဆိုမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 


သန်းဝင်း သန်လျင်