သံဖြူဇရပ်မြို့နယ်၌ အမျိုးသမီး ၄ ဦး ရေနစ်သေဆုံး

နေပြည်တော် ၁၈ ဇွန်

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာ၌ ဇွန် ၁၇ ရက် ည ၇ နာရီက အမျိုးသမီး ၄ ဦး ရေနစ်သေဆုံးနေကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဝဲကဝါကျေးရွာနေ ဒေါ်ခင်(၆၆)နှစ်ပါ (၄)ဦးသည် ဓမ္မကရုဏာဘုန်းကြီးကျောင်းဝင်း အတွင်း၌ ဝဥစိုက်ပျိုးပြီး အဆိုပါကျေးရွာအနီးရှိ အနက် ၃၀ ပေခန့်၊ အကျယ် ၃၀ဝ ပေပတ်လည်ခန့်ရှိ ရေကန်အတွင်း၌ သွားရောက်၍ ခြေ/လက်ဆေးရာမှ ဒေါ်ခင်မှာ ခြေချော်ပြုတ်ကျပြီး ရေနစ်နေသဖြင့် မအေးသီရိစံပါ (၃)ဦးတို့က ဝိုင်းဝန်းကယ်ဆယ်ရာမှ (၄)ဦးစလုံး ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ၍ ၎င်းတို့သေဆုံးမှုအား သံဖြူဇရပ်မြို့မရဲစခန်း၌ သေမှုသေခင်း အသီးသီးရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား