သံတောင်ကြီးမြို့ ရပ်ကွက်(၁)၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်တုံးများပြိုကျ

သံတောင်ကြီး ၁၇ ဇွန်

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၊ ရပ်ကွက်(၁)တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နက်ပိုင်းက မက္ကရီကန်ကုန်းဗဟိုလမ်းမပေါ်သို့ လမ်းအထက်ပိုင်း ကမ်းပါးယံပေါ်မှ ကျောက်တုံးများ ပြိုကျခဲ့ကြောင်း သိရသည်။

 

ကျောက်တုံးများ ပြိုကျသည့်နေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်ထူးဇန်က ဦးစီးကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းရှင်းလင်း ဆောင်ရွက်ခဲ့သည်။

 

အဆိုပါကျောက်တုံးပြိုကျမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

 

နော်လော်မူ(ပြန်/ဆက်)