သံတောင်မြို့အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

သံတောင်ကြီး ၂၇ စက်တင်ဘာ

 

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နေရပ်ပြန်များ၊ ကိုဗစ်-၁၉ရောဂါအဖြစ်များသည့် နေရာမှ ပြန်လာသူများ၊ ဓါတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့သူများအား ထားရှိရန်အတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ(၂)ခု ဆောင်ရွက်ထားရှိရာ အသွားအလာ ကန့်သတ်စောင်ကြည့်ရေး စင်တာနေသူများအတွက် ယမန်နေ့နံနက်ပိုင်းက  KWEG(Karen Women Empowerment Group) မှ တစ်ကိုယ်ရေသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာ သံတောင်မြို့အသွားအလာကန့်သတ်စောင့်ကြည့်သူ (၁၅) ဦးစာအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်သည့် ဖျာ၊ ရေပုံး၊ ရေခွက်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ လက်သန့်ဆေးရည်၊ ခြင်ထောင်၊ နှာခေါင်းစည်းစသည်တို့ကို   KWEG မှ သံတောင်ကြီးမြို့နယ် တာဝန်ခံဒေါ်နော်အယ်ဖေါကပေးအပ်ရာ သံတောင်မြို့   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်က လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)