SPICE GIRLS အဖွဲ့က တကျော့ပြန် အတူပူးပေါင်းပြီး ဖျော်ဖြေပွဲလုပ်မယ်လို့ ကြေငြာ

ဗြိတိသျှအမျိုးသမီး တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Spice Girls အဖွဲ့ဟာ သူတို့တတွေ ပြန်လည်ပူးပေါင်းပြီး အနုပညာလုပ်ငန်းတွေ အတူလက်တွဲလုပ်ကိုင်သွားမယ်လို့ ကြေငြာပါတယ်။ အဲကြေငြာချက်ကို ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အခုချိန်ဟာ အခွင့်အရေးအသစ်တွေကို အတူရှာဖွေဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကိုလည်း အားလုံးက သဘောတူပါတယ်ဆိုတဲ့အကြောင်း အဲဒီ ကြေငြာချက်ထဲမှာ ရေးသားထားပါတယ်။ 

mdn

တချိန်တည်းမှာလည်း သူတို့ရဲ့ လူမှုကွန်ယက် တွစ်တာပေါ်ကနေ #frendshipneverends #girlspower စတာတွေအပါအဝင် သူတို့အားလုံးက တက်ကြွနေကြောင်း စတဲ့စာသားတွေ ရေးသားထားပါတယ်။ Spice Girls အဖွဲ့ဟ ၂၀၁၂ လန်ဒန်အိုလံပစ် ပိတ်ပွဲတုန်းကလည်း တစ်ကြိမ် အတူပူးပေါင်းဖျော်ဖြေမှုတွေလည်း လုပ်ခဲ့ဖူးပါသေးတယ်။

mdn

MDN