သပိတ်ကျင်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၂၅ စက်တင်ဘာ

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ (၃၆)မိနစ်၊ (၅၄)စက္ကန့် တွင် ကန့်ဘလူမြေငလျင်စခန်းမှ  အရှေ့တောင်ဘက် (၃၇) မိုင်ခန့် ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် (၂)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၉၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၀)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

Crd - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန