Star Wars ရုပ်ရှင်သစ် အစမ်းပွဲပြသ

ဟောလိဝုဒ်ရဲ့ အောင်မြင်တဲ့ ဇာတ်လမ်းတွဲရုပ်ရှင်တစ်ခုဖြစ်တဲ့ “Star Wars” ရဲ့ ရုပ်ရှင်သစ်ကို လတ်တလောမှာ အထူးပွဲပြသခဲ့ကြောင်း သတိရပါတယ်။

ဒစ်စနေရဲ့ အောင်မြင်တဲ့ဇာတ်လမ်းတွဲရဲ့ ရုပ်ရှင်သစ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က လော့စ်အန်ဂျလိစ် ဟောလိဝုဒ်မှာရှိတဲ့ အယ်ကပ္ပတိန် သီရေတာမှာ အထူးပွဲပြသခဲ့တာဖြစ်ပါကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ယင်းရုပ်ရှင်သစ်ရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်ကြတဲ့ ဒေါ်နယ်ဂလော့ဗာ၊ အီမီလာကလာ့ခ်၊ အယ်ဒန်အရန်းရစ်ရှ်တို့ အထူးပွဲပြသမှုကို တက်ရောက်ခဲ့ပြီး ယင်းအခမ်းအနားမှာ ကမ္ဘာတစ်ဝန်းက မီဒီယာတွေနဲ့ တွေ့ဆုံကာ ဖြေကြားပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရုပ်ရှင်သစ်အတွက် အမှတ်တရအဖြစ် စုပေါင်းဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြကြောင်းလည်း သိရပါတယ်။

လတ်တလော အထူးပွဲပြသခဲ့တဲ့ ရုပ်ရှင်သစ် “Solo: A Star Wars Story” မှာတော့ အဓိကဇာတ်ကောင် တစ်ဦးဖြစ်တဲ့ ဟန်ဆိုလိုဟာ သူ့ရဲ့တွဲဖက်လေယာဉ်မှူးဖြစ်တဲ့ ကျုဘာကာနဲ့ တွေ့ဆုံခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်သစ်မှာတော့ ခရီးစဉ်သစ်ကို တွေ့မြင်ခံစားရမှာပါ။

ဒီရုပ်ရှင်သစ်ကိုတော့ လာမယ့် မေ ၂၅ ရက်မှာ အမေရိကားမှာ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်