သထုံမြို့ သိမ်ဆိပ်ရပ်ကွက် ရတနာလမ်း၌ အမျိုးသားတစ်ဦး ဓာတ်တိုင်ပါ်မှပြုတ်ကျ၍ သေဆုံးမှုဖြစ်ပွား

သထုံ ၂၅ ဇွန်

 

မွန်ပြည်နယ် သထုံမြို့ သိမ်ဆိပ်ရပ်ကွက် ရတနာလမ်းရှိ ထရန်စဖော်မာ ဓာတ်တိုင်ပေါ်သို့ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က အမျိုးသားတစ်ဦး တက်ရောက် မီးပြုပြင်ရာမှ ပြုတ်ကျသေဆုံးခဲ့ကြောင်းသိရသည်။

 

ဖြစ်စဉ်မှာ သထုံမြို့ တမံကြီးပိုင်း ကျိုက္ကော်ရပ်ကွက် သုဝဏ္ဏဝတီမြို့နေထိုင်သူ စောကလို (၃၆ နှစ်) သိမ်ဆိပ်ရပ်ကွက် ရတနာလမ်းရှိ 200 KV ဓာတ်အားရှိ ထရန်စဖော်မာ ဓာတ်တိုင်ပေါ်သို့ တက်ရောက် မီးပြုပြင်ရာမှ ဓာတ်လိုက်၍ ပြုတ်ကျပြီး ဦးခေါင်းယာဘက် ဂျိုစောင်းပေါက်ပြဲ၊ နားသွေးထွက်ဒဏ်ရာ၊ ယာလက်မောင်းအပူလောင်ဒဏ်ရာများရရှိပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ တာဝန်ရှိသူများက  ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

 

လှိုင်ထွန်းအောင်(သထုံ)