သထုံမြို့ကျောက်လုံးကြီး (ပိတောက်မြိုင်) လှေဆိပ်၌ ခရီးသည်တင် စက်လှေများနှင့်ကုန်တင်လှေများ ပုံမှန်ပြေးဆွဲပေးနေ

သထုံ  ၂၅   ဇွန်

 

မွန်ပြည်နယ် သထုံမြို့ လိပ်အင်းရပ်ကွက် ကျောက်လုံးကြီး (ပိတောက်မြိုင်)လှေဆိပ်မှ ခရီးသည်တင် စက်လှေများနှင့် ကုန်တင်စက်လှေများ နေ့စဉ်ပုံမှန်ပြေးဆွဲလျက်ရှိနေသောကြောင့် ဒေသခံပြည်သူများ သွားလာရ အဆင်ပြေချောမွေ့လွယ်ကူလျက်ရှိကြောင်းသိရသည်။

 

သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ (ကျောက်လုံးကြီး)ပိတောက်မြိုင်လှေဆိပ်၌ နေ့စဉ်နံနက် ၅ နာရီခန့်မှစတင်၍ စက်လှများ တစ်နေ့လျှင် ၂၅ စီးခန့်က ပုံမှန်ပြေးဆွဲပေးနေသောကြောင့် သထုံမှအောက်ကွင်းရွာများဖြစ်သော ထိန်ပင် ဇိုက္ကရဲ အောင်ကန်သာ သုံးအိမ်စု အပါဝင်ကျေးရွာအတော်များများမှ ပြည်သူများ သွားလာရလွယ်ကူပြီး အဓိက ကုန်စည်များဖြစ်သော စပါး၊ ငါး၊ ပုဇွန်၊ ငါးခြောက် နှင့် တောင်သူများစိုက်ပျိုးရောင်းချလျက်ရှိသော အသီးနှံများအား သထုံမြို့မဈေးကြီးနှင့် အခွန်လွတ်ဈေး အတော်များများသို့ လာရောက်ရောင်းချရသည်မှာ လွယ်ကူပြီး အဆင်ပြေလျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောသည်။

 

လှိုင်ထွန်းအောင်(သထုံ)

 

mdn