သထုံမြို့၌ (၇၀)ကြိမ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနား ပထမဆုံးကျင်းပ

သထုံမြို့ ၁၁ ဖေဖေါ်ဝါရီ 

 

မွန်ပြည်နယ် သထုံမြို့ သုဝဏ္ဏခန်းမ၌ ဖေဖေါ်ဝါရီ ၁၁ ရက် ၉ နာရီအချိန်က (၇၀)ကြိမ်မြောက် ကရင်အမျိုးသားနေ့ (သထုံခရိုင်)အခမ်းအနားကို စည်ကားစွာ ကျင်းပခဲ့သည် ။

 

အခမ်းအနားကို မြို့နယ်လုံးဆိုင်ရာ ကရင်အမျိုးသာလူငယ်များ(သထုံ)မှ ဦးစီးကျင်းပ၍ ရှေးဦးစွာ ကရင်အမျိုးသား အလံတော်အား အလေးပြု၍ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ပေးပို့သော သဝဏ်လွှာကို ကရင်အမျိုးသားလူငယ်များ(သထုံ)မှ စောအောင်မျိုးမင်း က ဖတ်ကြားသည်။  

 

 

အခမ်းအနားသို့ သထုံခရိုင်အတွင်းရှိ သထုံ ပေါင် ဘီးလင်း ကျိုက်ထိုမြို့များမှ ကရင်တိုင်းရင်းသားများအပြင် ကရင် ပအိုဝ်း ၊မွန်၊ ရခိုင် စာပေနှင့်ယဉ်ကျေးမူအဖွဲ့ဝင်များ သထုံခရိုင်/မြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။ ခန်းမအတွင်း၌ ကရင်အမျိုးသားအလံတော်နှင့် သီချင်း ကရင်စာပေများ ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ ကရင်အမျိုးသားရေးရာ လှုပ်ရှားမူများ ကိုလိုနီခေတ် ကရင်ပုံရိပ်များ ကရင်အမျိုးသားခေါင်းဆောင်ကြီးများ၏ ဓါတ်ပုံများကို နံရံကပ်စာစောင်များနှင့် ပြသထားပြီး  ကရင်အမျိုးသားနေ့ကို ကရင်ပြည်နယ်၊ ရန်ကုန်မြို့တွေမှာ လုပ်တယ် အခုမှ ကျနော်တို့ သထုံခရိုင်မှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့အတွက် ကရင်အမျိုးသားတစ်ယောက်ဖြစ်တဲ့အတွက် ဂုဏ်ယူတဲ့အပြင် ဝမ်းသာတယ်  ဟု နောင်ဘိုကျေးရွာမှ စောအဲ့မိုးပါထွန်းက ပြောသည်။

 

 

အခမ်းအနားပြီးဆုံးချိန်တွင် ခန်းမတစ်ခုလုံး ပြည့်လျှံစွာ တက်ရောက်လာသူများက ကရင်အမျိုးသားသီချင်းကို သံပြိုင်သီဆို၍ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည် ။

 

 ခွန်(ဝင်းပ)