သထုံတွင် ခွင့်ပြုချက်မဲ့သယ်ဆောင်လာသည့် အသားတုများနှင့်ဘီယာများ ဖမ်းမိ

သထုံ   ၁၀   ဇူလိုင်   


မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ဇူလိုင်လ ၉ ရက်နေ့က  ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယာဉ်များအားရပ်တန့်စစ်ဆေးရာမှ ခွင့်ပြုချက်မဲ့ သယ်ဆောင်လာသော ထိုင်းနိုင်ငံထုတ် အသားတုများနှင့် ဘီယာများ စုစုပေါင်း ငွေကျပ်သိန်း ၆၀ ကျော်တန်ဖိုးခန့် တင်ဆောင်လာသူများအား ဖမ်းမိခဲ့ကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

 

1

 


သထုံမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ ပေါ်တော်မူကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် အဆိုပါနေ့ နံနက်ပိုင်းက ယာဉ်များအားရပ်တန့်စစ်ဆေးနေစဉ် ဘားအံဘက်မှ ရန်ကုန်ဘက်သို့ မင်းအောင် ၃၇ နှစ် ကျိုက်ထိုမြို့နေသူမောင်းနှင်ပြီး ယာဉ်ပေါ်တွင် မစန္ဒာစိုး ၂၆ နှစ် ကျိုက်ထိုနေသူလိုက်ပါလာသော ပရိုဘောက်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်၌ ထိုင်းနိုငံထုတ် SINGER တံဆိပ်ပါ ဘီယာဘူး ၃၄၈၀အားလည်ကောင်း၊ စိုးပိုင် (ခ) မူတူး ၄၁ နှစ် ပဲခူးမြို့နယ်နေသူ မောင်းလာသော ဟိုင်းလတ်ယာဉ်ပေါ်မှ ထိုင်းစာတမ်းပါ အသားတုချောင်း အထုပ်များ တန်ဖိုး ၁၅၇၀ဝ၀ဝ ကျပ်ခန့်အားလည်ကောင်း၊ အောင်အောင် (ခ) ရခိုင် ၂၆ နှစ် ပဲခူးနေသူ မောင်းနှင်ပြီး လင်းလင်းထွန်း (ခ) နေမင်းထွန်းလိုက်ပါလာသော ဟိုင်းလတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံထုတ် အသားတုများ တန်ဖိုး ၁၈၄၀ဝ၀ဝ ကျပ်ခန့်အားလည်ကောင်း စုစုပေါင်း ၆၈၉၀ဝ၀ဝသိန်းခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်များတွင် စီးပွားကူသန်းဌာန၏ခွင့်ပြုချက်မရှိဘဲ ကုန်ပစ္စည်းများ တင်သွင်းလာသူများအား အမှုဖွင့်အရေးယူထားကြောင်း သထုံမြို့မ ရဲစခန်းမှ သိရသည်။


သက်ဦး(သထုံ)