သုမင်္ဂလာပန်းခြံအနီးတွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ရန်ကုန် ၂၁ ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဉက္ကလာပမြို့နယ်၊ (၁၀)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ သုမင်္ဂလာပန်းခြံအနီးတွင် ယနေ့ ညနေ ၅ နာရီ ၅၂ မိနစ်ခန့်က မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ တောင်ဉက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ညနေ ၅ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းခဲ့ကြာင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN

Photo- MFSD