သုံးခွမြို့နယ်တွင် အခြေခံပညာမူလတန်းလွန်ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်

သုံးခွ ၄ ဇွန်

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် နန်းခလဲကျေးရွာ၌ အခြေခံပညာ မူလတန်းလွန်ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းကို ဇွန် ၃ ရက် နံနက် ၉ နာရီက ကျင်းပရာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်လင်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးငယ်တို့က ဆိုင်းဘုတ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကိုကျော် (သုံးခွ)