သုံးပွင့်ဆိုင်လူရွေးပွဲ ကစားရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ကစားသမား ၃၆ ဦးဖြင့် ဖွဲ့စည်း

၈ စက်တင်ဘာ 


ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဖွဲ့စည်းရန်အတွက် သုံးပွင့်ဆိုင်လူရွေးပွဲကစားရန် ကစားသမား ၃၆ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။


လူရွေးပွဲအတွက် ရွေးချယ်ထားသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် ဂိုး-မေဇင်နွယ်၊ ဇာဇာမြင့်၊ သန္တာဦး၊ ဇူးလဲ့နဒီ၊ နောက်တန်း-အိရတနာဖြိုး၊ ဝေဝအောင်၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ မေသက်မွန်မြင့်၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ အလယ်တန်း- ငယ်ငယ်ထွေး၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ လဲ့လဲ့လှိုင်၊ သင်းသင်းယု၊ မေသူကျော်၊ နော်ထက်ထက်ဝေ၊ ဝင်းဝင်း၊ မေဖူးကို၊ ပုံ့ပုံ့ပြည့်မောင်၊ မိုးမိုးသန်း၊ ခိုင်သဇင်ဦး၊ နွယ်နီဝင်း၊ နုနု၊ ခင်မိုးဝေ၊ ရှေ့တန်း-မြတ်နိုးခင်၊ ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ဆွေမာအောင်နှင့် ဂျူလိုင်ကျော်တို့ ပါဝင်ကြသည်။ ယခုထုတ်ပြန်လိုက်သည့် လူစာရင်းတွင် ယခင်လူဟောင်းကစားသမားအများစု  ပါဝင်လာသလို လူငယ်လက်ရွေးစင်များဖြစ်သည့် စန်းသော်သော်၊ ဆွေမာအောင်၊ မြတ်နိုးခင်၊ နွယ်နီဝင်း၊ ပုံ့ပုံ့ပြည့်မောင်၊ မေဖူးကို၊ ဝင်းဝင်း၊ နော်ထက်ထက်ဝေ၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ ဇူးလဲ့နဒီ စသည့် ကစားသမားများ ရွေးချယ်ခံခဲ့ရသည်။


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဖွဲ့စည်းရန် လူရွေးပွဲများကို စက်တင်ဘာ ၁၉၊ ၂၁၊ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လူရွေးပွဲအပြီးတွင် ကစားသမား ၂၆ ဦး ပြန်လည်ရွေးချယ်ပြီး စခန်းဝင်လေ့ကျင့်မှု ပြုလုပ်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် နှစ်လကျော် အချိန်ယူပြင်ဆင်မည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


သတင်း-ရဲရင့်ရှိုင်း