သုဝဏ္ဏဝတီမြို့၌ ဆိုင်ကယ်တိမ်းမှောက်၍ လူငယ်တစ်ဦးသေဆုံး 

သုဝဏ္ဏဝတီ  ၆    ဧပြီ 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ တောင်ကြားရပ်ကွက်၌ ဧပြီ ၆ ရက်နေ့ နံနက်စောစောပိုင်းအချိန်က ရပ်ကွက်အတွင်း ကွန်ကရစ်လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီး တိမ်းမှောက်မှုကြောင့် လူငယ်တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

သတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်နေယုမောင်၊ ရဲတပ်ဖွဲ့ဝင်များ၊ တောင်ကြားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၊အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ တောင်ကြားရပ်ကွက်မှ ကျိုက္ကော်ရပ်ကွက်သို့  ချမ်းငြိမ်းဦး မောင်းနှင်လာသော ဆိုင်ကယ်မှာ အရှိန်ပြင်းစွာ မောင်းနှင်ပြီး ကုန်းဆင်းရှိ ကွန်ကရစ်မြောင်းကူးတံတားဘေးရှိ မြောင်းအတွင်းသို့ ထိုးကျ တိမ်းမှောက် ဒဏ်ရာရရှိ၍ နေရာတွင် သေဆုံးသွားကြောင်း သိရသဖြင့် သိမ်ဆိပ်နယ်မြေရဲစခန်းက စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

ခွန်(ဝင်းပ)