သုဝဏ္ဏဝတီမြို့၌ ကားလမ်းဖြတ်ကူးသူတစ်ဦး ကားတိုက်မိ၍ နေရာတွင် သေဆုံး

သုဝဏ္ဏဝတီ ၃   စက်တင်ဘာ

 

 

မွန်ပြည်နယ် သထုံမြို့နယ် သု၀ဏ္ဏဝတီမြို့အနီး တံတားဦးကျေးရွာ၌ စက်တင်ဘာ ၂ ရက်နေ့ ညပိုင်း၌ ကားလမ်း ဖြတ်ကူးသူတစ်ဦး ကားတိုက်မိ၍ သေဆုံးသွားကြောင်း သိရသည် ။

 

ယာဉ်တိုက်မူသတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်သန့်ဇင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တံတားဦးကျေးရွာအုပ်ချုပ်ရေးမှူး ခွန်မောင်မောင် နှင့် အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၃၇/၁ နှင့် ၁၃၇/၂ အကြားတွင် ကားလမ်းကို ဖြတ်ကူးသော ဦးစိုးမြင့် ကို ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့ ယာဉ်မောင်း ဦးတင်ရွှေ မောင်းနှင်လာသည့် အဖြူရောင်ယာဉ်က အရှိန်မထိမ်းနိုင်ဘဲ ဝင်ရောက် တိုက်မိရာ ဦးစိုးမြင့် မှာ နေရာတွင် သေဆုံးသွားသဖြင့် ရဲဆေးစာဖြစ် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်တိုက်မူကျုးလွန်သူ ဦးတင်ရွှေ အား သိမ်ဆိပ်နယ်မြေရဲစခန်းက  အမူဖွင့် စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည် ။

 

ခွန်(ဝင်းပ)