သုဝဏ္ဏဝတီမြို့၌ ကုန်တင်ကားတစ်စီး ဆိုင်ခန်းများအတွင်းသို့ ထိုးကျ တိမ်းမှောက်

သုဝဏ္ဏဝတီ  ၂၆   ဇွန်

 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၌ ဇွန် ၂၆ ရက် နံနက် ၉ နာရီအချိန်ခန့်က သိမ်ဆိပ်ရပ်ကွက် အတွင်းရှိ ကျိုက္ကော်တံတားအနီး ဆိုင်ခန်းများအတွင်းသို့ ကုန်တင်ကားတစ်စီး ထိုးကျ တိမ်းမှောက် ခဲ့ကြောင်း သိရသည်။

 

mdn

 

ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့ ဆန်အိတ်များ တင်ဆောင်လာသော FUSO အမျိုးအစား ယာဉ်သည် ကျိုက္ကော်တံတားအနီး လမ်းကွေ့အရောက်တွင်  ဆိုင်ခန်းများအတွင်းသို့ အရှိန်မထိမ်းနိုင် ဘဲ ထိုးကျတိမ်းမှောက်ခဲ့ရာ လူသုံးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ဆိုင်ခန်းများ ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။

 

အခင်းဖြစ်ပွားရာ နေရာသို့ သထုံခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူကူညီကယ်ဆယ်ရေးအသင်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ရောက်ရှိကူညီပေးကြပြီး ယာဉ်ကြောပိတ်ဆို့မှု မရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။

 

ခွန်(ဝင်းပ)