မြန်မာ့လွတ်လပ်ရေး ရာဇဝင်မော်ကွန်း

ဥရောပတိုက်တွင် စစ်ကြီးဖြစ်လာသောအခါ မြန်မာမျိုးချစ်များ အတွေးအခေါ်နှင့် လုပ်ငန်းစဉ်များ ပြင်ဆင်လာသည်။ ဒို့ဗမာ အစည်းအရုံး နှစ်ခြမ်းလုံးမှ ခေါင်းဆောင်များသည် အင်္ဂလိပ်အခက် မြန်မာအချက်ဟု မြင်ကြသည်။ ထို့နောက် ၁၉၃၉ ခုနှစ် အောက်တိုဘာလတွင် ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းလိုက်သည်။