မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့်  မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ (၂၃)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်

မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ (၂၃)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို
ရခိုင်ပြည်နယ် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လက်ထောက်ဦးစီးမှူး၊ မြေတိုင်း-၄နှင့် မြို့နယ်ဦးစီးမှူး(အငြိမ်းစား)တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာအုပ်စု၊ ကမ်းသာယာကျေးရွာရှိ ကွင်းအမှတ်(၂၈၆)၊ သာခွေးချိုင်ကွင်း ဦးပိုင်အမှတ်(N-3)၊ လုပ်ပိုင်ခွင့်ဧရိယာ (၁ ဒသမ ၈၀)ဧကအား တိုင်းတာရောင်းချရာတွင် (၂ ဒသမ ၄၃)ဧကအထိ တိုင်းတာပေးပြီး ပိုလျှံသော (ဝ ဒသမ ၆၃) ဧကအတွက် ကြားပွဲစားမှတစ်ဆင့် ဂွမြို့နယ် မြေစာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် မြေတိုင်း(၄) ဦးကျော်နိုင်ထွန်းတို့အား ငွေကျပ် သိန်း ၆၃၀ ပေးခဲ့ရခြင်းအပေါ် အရေးယူပေးပါရန် တိုင်ကြားစာနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့သည်။
“Workshop on Cyber Security in Myanmar” တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး တက်ရောက်အမှာစကားပြောကြား
Chief Information Officer (CIO) များ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ ကျင်းပသော Workshop on Cyber Security in Myanmar အား ယနေ့တွင် ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးနှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Dr. Sato Yukari တို့ တက်ရောက် အမှာစကားပြောကြားသည်။
ဘူးသီးတောင်မြို့နယ်၌ ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်
ဘူးသီးတောင်မြို့နယ်၊ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲမှူးရုံးခန်း၌ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃) နယ်ခြား စောင့်ရဲကွပ်ကဲမှုအဖွဲ့ခွဲမှူး ယာယီရဲမှူးကြီး ဝင်းသိန်းက ကျဆုံး ရဲတပ်ဖွဲ့ဝင် (၁၃)ဦးအတွက် ထောက်ပံ့့ငွေစုစုပေါင်း (၁၁၉) သိန်းအား ကျန်ရစ်သူမိသားစုများထံ ပေးအပ်သည်။
ဂျပန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ ရုပ်ရှင်ရုံများ၌ ကျင်းပသွားမည်
ဂျပန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ ရုပ်ရှင်ရုံများ၌ ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(၅)ကြိမ်မြောက် ဂျပန်-မြန်မာ ပွဲတော် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်
(၅)ကြိမ်မြောက် ဂျပန်-မြန်မာ ပွဲတော်ကို ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Event Park ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးစီမံချက် လူအားလုံးဆေးကျွေးခြင်း ဗဟိုအဆင့် အသိပေးရှင်းလင်းခြင်း အခမ်းအနား ကျင်းပမည်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးစီမံချက် လူအားလုံးဆေးကျွေးခြင်း ဗဟိုအဆင့် အသိပေးရှင်းလင်းခြင်း အခမ်းအနားကို