ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်တောလုပ်ငန်းများနှင့် သစ်လုပ်ငန်းဆင်စခန်းအား ကွင်းဆင်းစစ်ဆေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်းမကြီးဘေး၊ ဖိုးဇောင်းတောင်ကြိုးဝိုင်းအတွင်း သစ်တောလုပ်ငန်းများ၊ နေပြည်တော်-ကံပြားလမ်း၊ ငလိုက်ကြိုးဝိုင်းအတွင်း ဆောင်ရွက်ထားသော သစ်တောလုပ်ငန်းများနှင့် မြန်မာ့သစ်လုပ်ငန်း၊ ငလိုက်ဆင်စခန်းတို့အား ကြည့်ရှုစစ်ဆေးသည်။