ခင်ဦးမြို့နယ်၌ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း ၁၀ဝ၀ ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၌ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း ၁၀ဝ၀ ပေးအပ်ပွဲကို မတ် ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ခင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
COVID-19 ကြောင့် ယခုနှစ်တွင် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော် ကျင်းပတော့မည်မဟုတ်
COVID-19 ကြောင့် ယခုနှစ်တွင် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော် ကျင်းပတော့မည်မဟုတ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဝူဟန်မြို့တွင် ကျန်ရှိခဲ့သော မြန်မာပညာသင် ကျောင်းသား ၂ ဦး ပြန်လည်ရောက်ရှိ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ရှိ မြန်မာပညာသင် (၆၃) ဦးအား မြန်မာနိုင်ငံမှ အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီ ၂ ရက်က သွားရောက်ခေါ်ဆောင်ရာတွင် ကျန်ရှိခဲ့သော မြန်မာ ပညာသင် ကျောင်းသူကျောင်းသား (၂)ဦးအား အိန္ဒိယနိုင်ငံအစိုးရ၏အကူအညီဖြင့် ဖေဖော်ဝါရီ ၂၇ ရက် တွင် နယူးဒေလီမြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး နယူးဒေလီမြို့တွင် စောင့်ကြည့်ကာလ (၁၄) ရက် နေထိုင်ခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ယနေ့နံနက် ၈ နာရီမှစ၍ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မုံရွာမြို့နယ်တွင်  အထွက်နှုန်းကောင်း ယိုးဒယားပိန္နဲမျိုးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကြာပိုင်ကျေးရွာတွင် စိုက်ပျိုးလျက်ရှိသော အထွက်နှုန်း ကောင်း ယိုးဒယားပိန္နဲမျိုးများမှာ  စိန်စံတော် အမွှာကြီး (ငါးမွှာတစ်ကီလို)၊ ပိန္နဲသုံးရာသီ (တစ်နှစ်လုံး သီး)၊  ပိန္နဲသူရိယအနီရောင်၊ ပိန္နဲအလုံးကြီး အမွှာကြီး ( တစ်နှစ်လုံးသီး) တို့ကို  ကိုင်းထပ်ဆက်ပျိုး သော နည်းပညာဖြင့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပိန္နဲမျိုးအားလုံးသည် အိမ်မာမျိုးများဖြစ်၍ အသား ကြွပ်ချိုပြီး အရသာအထူးကောင်းမွန်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးရန်သင့်တော်သည့် အပင်မျိုးဖြစ်ပါကြောင်း စိုက်ပျိုးရေးပညာရှင် ဦးမျိုးတင့်အောင်မှ ပြောကြားသည်။ 
ကျေးရွာ (၂၀)တွင်   ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် 
သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ တွင်  ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာလမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။